
Mary လေးကတော့ အသံချိုချိုအေးအေးလေးနဲ့ ခံစားချက်အပြင်းစားတွေရောစပ်ပြီး သီချင်းလေးတွေကိုသီဆိုလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်သဘောကျရတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ဂီတပိုင်းကိုသာဦးစားပေးလုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အနုပညာပိုင်းကိုထပ်တိုးလေ့လာနေပြီး သူမရဲ့ အောင်မြင်မှုခြေလှမ်းဖြစ်တဲ့ သရုပ်ဆောင်ပိုင်းကိုလဲ ၀င်ရောက်လာပြီပဲဖြစ်ပါတယ်။


ချစ်ဖို့ကောင်းပြီး လှပသေသပ်တဲ့ အလှတရားတွေရှိတဲ့ Mary ကတော့ သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ “အဟောင်း” ရုပ်ရှင်ကားကြီးမှာ ပါဝင်အားဖြည့်ကြိုးစားမှုတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပထမဆုံး ကားဖြစ်တာကြောင့် စိုးရိမ်မှုတွေရှိပေမယ့်လဲ အနုပညာရှင်ဖြစ်တာကြောင့် အ၇မ်းကြီး စိမ်းနေတာမျိုးမဟုတ်တော့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီး ပရိသတ်တွေကို ချပြသွားမှာပါလို့သိရပါတယ်။

“အဟောင်း” ရုပ်ရှင်ကားကတော့ ဒါရိုက်တာ သီဟစိုးရဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာတော့ ကျော်ကျော်ဗိုလ်၊ပိုင်ဖြိုးသု၊Mary၊အောင်ရဲထိုက်တို့ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်။ထိုကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကိုတော့ နိုဝင်ဘာလ ၁၄ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Source ; MC