ပထမဆုံး ခြေလှမ်းအနေနဲ့ ကိုရီးယားလို ထွက်ရှိလာမယ့် အဆိုတော် ဝိုင်းလေးရဲ့ သီချင်းအသစ် – Myanmar Hot News
30th May 2023

ပထမဆုံး ခြေလှမ်းအနေနဲ့ ကိုရီးယားလို ထွက်ရှိလာမယ့် အဆိုတော် ဝိုင်းလေးရဲ့ သီချင်းအသစ်

ဝလုံးလို့ချစ်စနိုးခေါ်ကြတဲ့အဆိုတော်မလေး ဝိုင်းလေးကိုတော့ သိကြမှာပါ။Solo Album တွေထက်ရှိထားပြီးပရိသတ်အကြိုက် သီချင်းကောင်းလေးတွေလည်းထွက်ရှိထားသူပါ။ဝိုင်းလေးဟာဆိုရင် “တာဝန်အရ” “လက်ခံပြီးသား” နဲ့ “လမ်းခွဲရင်ကောင်းမယ်” စတဲ့သီချင်းတွေကြောင့်လူတော်တော်များများသိကြမှာပါ။

ဝိုင်းလေးဟာအဆိုတော်တစ်ယောက်အနေနဲ့သာမက အလှမယ်၊မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။နိုဝင်ဘာလ(၂၄)ရက်နေ့နဲ့ (၂၅) ရက်နေ့မှာလည်း ကိုရီးယားနိုင်ငံမှာ သီဆီုဖျော်ဖြေဖို့အတွက်မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ဖိတ်ကြားခံထားရပါသေးတယ်။ဒီပွဲမှာကိုရီးယားနိုင်ငံကနာမည်ကျော်တွေအပြင် အာဆီယံကအခြားသောနာမည်ကြီးအဆိုတော်တွေလည်းပါဝင်မှာပါ။အဲ့ဒီအတွက်လည်းပရိသတ်တွေကရင်ခုန်နေတာဖြစ်သလို အခုလည်း ကိုရီးယားဘာသာနဲ့ထွက်ရှိလာမဲ့ သီချင်းသစ်အကြောင်းကို ဝိုင်းလေးကပြောပြလိုက်ပါပြီ။

နိုဝင်ဘာလ(၁၅)ရက်နေ့သောကြာနေ့မှာတော့ ကိုရီးယားလိုဆိုထားတဲ့ဝိုင်းလေးရဲ့သီချင်းအသစ်ထွက်လာမှာဖြစ်ပါတယ်။ဒီသီချင်းဟာကိုရီးယားလိုဆိုတာ ဝိုင်းလေးအနေနဲ့ပထမဆုံးဖြစ်မှာပါ။ဒီအကြောင်းကိုတော့ ဝိုင်းလေးကသူ့ရဲ့ဖေ့ဘွတ်ခ်မှာပြောပြထားပါတယ်။မြန်မာမလေးတစ်ယောက်က ကိုရီးယားလိုဆိုထားတဲ့သီချင်းလေးဆိုတော့ အရမ်းကိုရင်ခုန်စရာကောင်းနေပါပြီနော်….။

Source : WyneLay

Leave a Reply

Your email address will not be published. Required fields are marked *