
ဂျပန်နိုင်ငံမှာ အောင်မြင်ကျော်ကြားနေတဲ့ ဂီတအနုပညာရှင် မြန်မာလူမျိုးဖြစ်တဲ့ ၀င်းမိုရီဆာခီ ကတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်ပြီး သူပါဝင် အဓိကဦးဆောင်ထားတဲ့ Win’s Showtime Program ကတော့လူကြီးကော လူငယ်ပရိသတ်ပါ ကြိုက်နှစ်သက်ကြတဲ့ Program လေးဖြစ်ခဲ့ပါတယ်။

လူတိုင်းကတော့ အချစ်နဲ့ ပက်သက်လာရင်ခံစားတက်တဲ့ သူတွေဖြစ်တာကြောင့် အ၀င်းလဲ အချစ်နဲ့ပက်သက်ရင် First Love ကို ၁၁နှစ်သားအရွယ် မှာခံစားတက်ပြီး ချစ်သူကောင်မလေး ရှိခဲ့ဖူးတယ်လို့သိရပြီး ငယ်ရွယ်တဲ့အချိန်မို့လို့ စိတ်ကူးယဉ်ဆန်တဲ့ အတွေ့အကြုံလေးကိုလည်းမျှဝေခဲ့ပါတယ်။အချိန်ကြာလာတော့ ထိုအဖြစ်အပျက်လေးက ကြည်နူးဖို့လဲ ကောင်းတယ်လို့ ပြောပြခဲ့ပါတယ်။


အခုလက်ရှိမှာတော့ ချစ်သူရည်းစားမရှိသေးဘဲ ချစ်သူရခဲ့ရင်လဲ ကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့ပဲဆုံချင်တယ်။ကျွန်တော့်ပရိသတ်ကောင်မလေးတွေရှိလို့လားမသိဘူး ချစ်သူရည်းစားထားဖို့ စိတ်မကူးမိဘူး ကျွန်တော် ပရိသတ်မိန်းကလေးတွေက တကယ့်အချောလေးတွေကြီးပဲ ကြွားပြောတာတော့မဟုတ်ဘူး တခါတလေ သူ့တို့ဘက်ကိုတောင် စိတ်ယိုင်သွားတယ် လို့ နောက်ပြောင်ကြည်စယ်တဲ့ စကားလုံးလေးများနဲ့ပြောပြထားပါတယ်။

Source ; 7th Sense Creation