Myanmar’s Pride ဆုပေးပွဲရဲ့ အလှမယ်နဲ့ မော်ဒယ်လ် ကဏ္ဍမှာ ဆန်ခါတင်စာရင်း ဝင်နေတဲ့ ဒိတ်ဒိတ်ကြဲ (၄)ဦး – Myanmar Hot News
31st May 2023

Myanmar’s Pride ဆုပေးပွဲရဲ့ အလှမယ်နဲ့ မော်ဒယ်လ် ကဏ္ဍမှာ ဆန်ခါတင်စာရင်း ဝင်နေတဲ့ ဒိတ်ဒိတ်ကြဲ (၄)ဦး

Myanmar’s Pride ဆုပေးပွဲဟာ ကဏ္ဍအသီးသီးမှာ ကမ္ဘာက လေးစား အသိအမှတ်ပြုရေလောက်တဲ့အထိ တစ်ဖက်ကမ်းခတ်ထူးချွန်သော၊အများက လေးစားရသော ပုဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်ကာ ဂုဏ်ပြုချီးမြှောက်တဲ့ ဆုချီးမြှင့်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီပွဲကြီးကြောင့် အခြားသူတွေလည်း ဆုရရှိသူတွေကို အားကျကာ ပိုမိုကြိုးစားလိုစိတ်တွေ တိုးလာဖို့အတွက် ရည်ရွယ်တာလည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ဒီပွဲကြီးရဲ့အလှမယ်နဲ့ မော်ဒယ်လ်ကဏ္ဍအတွက် မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲတွေကတော့ ဆန်ခါတင်စာရင်းဝင်နေခဲ့ပါပြီ။ သူတို့ကတော့……

(၁)အောန်ဆိုင်း

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစူပါမော်ဒယ်လ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသလို တက်သစ်စတွေရဲ့စံပြလို့တောင် ဆိုရမဲ့သူတစ်ယောက်ပါ။ ၂၀၁၄ ခုနှစ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ Asia Model Festival ပွဲမှာ Myanmar Model Star Award ကို ရရှိဖူးသူဖြစ်ပါတယ်။ Shanghai Fashion Week 2019 မှာလည်း ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Hugo Boss အတွက် Runway မော်ဒယ်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ မြန်မာဂုဏ်ဆောင် မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

(၂) ဟန်တီ

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်ပြိုင်ပွဲတွေကိုပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတံဆိပ်တွေ ရရှိဖူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နယူးယောက်ခ်ရုပ်ရှင်အကယ်ဒမီကနေပြီးလည်း Associate Degree in Fine Arts ကိုရရှိထားသူဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Asia Model Festival 2019 ပွဲမှာလည်း Model Star Award ကိုရရှိခဲ့ပါတယ်။

(၃) Beauty (သို့) သက်သက်သင်း

မြန်မာလူမျိုးတစ်ယောက်ဖြစ်ပေမဲ့ အချိန်တိုအတွင်းမှာနိုင်ငံတကာအထိ ထိုးဖောက်အောင်မြင်နေတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမော်ဒယ်လ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia Next Top Model Cycle (6) မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပြီး Top -4 ဖြစ်ခဲ့တဲ့သူတစ်ယောက်ပါ။London Fashion Week နဲ့ New York Fashion Week တွေမှာ ပါဝင်လျှောက်လှမ်းခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်လည်းဖြစ်ပါတယ်။ နာမည်ကြီးမော်ဒယ်အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ကာ International Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါးမော်ဒယ်လ်တစ်ယောက်လို့တောင် ဆိုရမှာပါ။

(၄)မေဘရဏီသော်

Miss Universe Myanmar 2015 တစ်ယောက်ဖြစ်သလို Miss International Myanmar ကိုယ်စားပြုအဖြစ်လည်း (၂၀၁၃) ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို စတင်ရရှိလာပြီဖြစ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

Source; Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *