
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ပိုပိုကတော့ ဒီနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့မှာ ဒလမြို့နယ်မှာ အလှူတစ်ခုသွားရောက်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအလှူလေးကတော့ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေအထိကို ကိုယ်တိုင်သွားရောက်ပြီး ဆန်နဲ့ ဆေးဝါးတွေကို သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

အခုလို လှူဒါန်းဖြစ်တာကတော့ ပိုပို၊ အဆိုတော်ချယ်ရီသင်း နဲ့ အခြားသော အနုပညာရှင်တွေနဲ့အတူ သူတို့ကို အားပေးတဲ့ We Love ပရိသတ်တွေက လှူဒါန်းတဲ့ အလှူငွေလေးတွေကို စုကာ လှူဒါန်းဖြစ်တာဖြစ်ပြီး အဆိုတော်ပိုပိုရဲ့ တန်ဆောင်တိုင်အလှုနှင့်Made in Heartအခွေထွက်ရှိခြင်းအမှတ်တရအဖြစ်လည်း လှူဒါန်းတာလို့ သိရှိရပါတယ်။

ပိုပိုနဲ့ အတူ ဒလမြို့နယ်အထိကို အတူတကွ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းခဲ့တဲ့ အဆိုတော် ချယ်ရီသင်းဟာဆိုရင်လည်း “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်”သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိပိုင်ဆိုင်နေတဲ့ တက်သစ်စ မျက်နှာသစ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပိုပိုနဲ့ ချယ်ရီသင်းရဲ့ မွန်မြတ်လှတဲ့အလှူလေးကို သာဓုခေါ်ဆိုလိုက်ရအောင်နော်။

Source; Popular Journal