အဆိုတော်ကြီး အန်တီချိုပြုံးရဲ့ သီချင်းကြီးတပုဒ်ကို ပိုင်နိုင်စွာ သီဆိုပြသခဲ့တဲ့ အေးမြဖြူ – Myanmar Hot News
31st May 2023

အဆိုတော်ကြီး အန်တီချိုပြုံးရဲ့ သီချင်းကြီးတပုဒ်ကို ပိုင်နိုင်စွာ သီဆိုပြသခဲ့တဲ့ အေးမြဖြူ

အေးမြဖြူ ဘယ်လောက်တော်လဲဆိုတာ တစ်ပတ်ပြီးတစ်ပတ် သက်သေပြခဲ့တာ ဒီတစ်ပတ် သူမအကောင်းဆုံးပိုင်နိုင်တဲ့ သီဆိုဖျော်ဖြေမှု ဖြစ်ပါတယ်။ ပရိသတ်တွေ တော်တော်လေး ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ အေးမြဖြူရဲ့ သီဆိုဖျော်ဖြေမှုကို ဒိုင်တွေရော၊ ပရိသတ်တွေကပါ ချီးကျူးထောမနာ ပြုကြတာကို တွေ့ရပါတယ်။

သူမဟာ ငယ်စဉ်ကထဲက အနုပညာနဲ့ ရင်းနီးမှု ရရှိခဲ့သူတစ်ယောက် ဖြစ်တာကြောင့် သူမရဲ့ သီဆိုမှု၊ ခံစားချက်ထည့်မှု ဟန်ပန်တွေက အံ့မခန်းပါပဲ။ ဒီလို သီချင်းကြီးတွေကို သီဆိုနိုင်ဖို့ဆိုတာ တော်ရုံအရည်အချင်းနဲ့ မရပါဘူး။ ခုတစ်ပတ် မြန်မာအိုင်ဒေါ ရဲ့ ပြိုင်ပွဲဝင်တွေအားလုံး အရမ်းကို တော်ကြပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်တွေကို ပြန်လည်ပြီး ခံစားရတဲ့ လွမ်းဆွတ်မှုကို ပရိတ်သတ်တော်တော်များများရဲ့ Facebook စာမျက်နှာမှာ တင်ထားတာကိုလဲ တွေ့ရပါတယ်။

အေးမြဖြူလေးကို ဝန်းရံကြတဲ့ ပရိတ်သတ် တော်တော်များများကလဲ လူကြီး၊လူလတ်၊လူငယ် အားလုံး တခဲနက် အားပေးကြတာကို တွေ့ရပါတယ်။ သူမဟာ သီချင်းကြီးတွေနဲ့ ယဉ်ပါးနေသူမို့ မနေ့ကညအတွက်ကတော့ အေးမြဖြူရဲ့ ညလေးလို့ ဆိုရင်လဲ မမှားပါဘူး။ သူမရဲ့ သီဆိုမှု ဟန်ပန် ပုံရိပ်တစ်ချို့ကို ကြည့်လိုက်ရအောင်နော်။

ဖိုက်တင်း။ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အေးမြဖြူလေးရေ။

Source; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *