
နိုင်ငံကျော် ပြည်သူ့အချစ်တော် ၀တ်မှုရွှေရည်လေးကတော့ ရာစုနှစ်တွေကျော်အောင် အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါမှာတော့ နှစ်အတော်ကြာမလုပ်ဖြစ်တဲ့ Fan Meeting ပွဲလေးကိုဒီနှစ်မှာတော့ ပြုလုပ်နိုင်အောင် လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။သူမရဲ့ Fan Meeting လေးကိုတော့ နိုဝင်ဘာလ ၂၁ရက် နေမှာပြုလုပ်မှာဖြစ်ပြီး ပြုလုပ်မယ့်နေရာကတော့ Junction Square Promotion Area မှာ ညနေ ၄နာရီကနေစတင်ပြီးတော့ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။


ပရိသတ်တွေနဲ့ နီးနီးစပ်စပ် မတွေ့ရတာကြာပြီး တွေ့ဖြစ်ရင်လဲ သူများပွဲတွေ ရုပ်ရှင်ပြသပွဲတွေမှတွေ့ရတာ ဆိုတော့ အရမ်းကြီး ရင်းရင်းနှီးနှီး မတွေ့ဖြစ်တာကြောင့် Fan Meeting ကိုလုပ်ဖြစ်တာပါ။ Fan Meeting လုပ်ချင်တာကတော့ မနှစ်ထဲက ဒါမယ့်ခွင့်ပြုချက်မရသေးလို့စောင့်နေရတာ အာ့ထဲကပွဲလေးအတွက် စပြီးပြင်ဆင်ဖြစ်နေတာပါ ဒီပွဲလေးကိုကြည့်ပြီး တခြားမြို့တွေကိုလဲ Fan Meeting ပြုလုပ်သွားမှာပါလို့ ပြောပြထားပါတယ်။

Fan Meeting ပက်သက်ပြီး ဘာအစီအစဉ်တွေပါမလဲဆိုတာကိုကြိုသိချင်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လူမှုကွန်ရက်ပေါ်မှာ Page ထောင်ထားပြီး ထိုPage လေးကနေ နေ့တိုင်း ဘာအစီအစဉ်လေးတွေပါမလဲဆိုတာ တင်ပေးသွားမှာပဲဖြစ်ပါတယ်။အခုလောလောဆယ်တော့ ကစ်နဲ့ ဓာတ်ပုံအတူတူရိုက်ရမယ့်အစီအစဉ်လေးတွေပါမယ်၊ဂိမ်းလေးတွေပါမယ်၊အစားအသောက်တွေပါမယ်၊ပြီးတော့ ကစ်ကိုချစ်တဲ့ ခင်တဲ့ အနုပညာရှင်တချို့လဲ လာရောက်ကြမယ် ဒါကြောင့် ချစ်ခင်ရတဲ့ပရိသတ်ကော ဒီပွဲလေးကို သိတဲ့သူတွေက မသိတဲ့သူတွေကိုလဲ လက်ဆင့်ကမ်းပြောကြားပြီး လာရောက်ခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

Source ; Sunday Journal