
မင်းသမီးချောလေး ချောရတနာကတော့ လတ်တလောတုန်းက ၁၀တန်းကျောင်းသူဘဝတုန်းက ငယ်သူငယ်ချင်းတွေနဲ့အတူတူ ရိုက်ကူးထားတဲ့ကျောင်းသူပုံရိပ်ကလေးတစ်ပုံကို သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ထုတ်ပြသခဲ့တာပဲဖြစ်ပါတယ် ထိုပုံထဲမှာတော့ ဆံပင်အရှည်ကြီးနဲ့ရိုးအေးတဲ့ပုံစံမျိုးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ငယ်ငယ်ကတော့အရမ်းအေးတယ် ရိုးရိုးကြီးနဲ့စကားနဲတဲ့သူ ကျောင်းသွားရင်လဲ သနပ်ခါးပါးကွက်ကြားနဲ့အမြဲကျောင်းသွားတက်တဲ့သူဆိုတော့ သူငယ်ချင်းတွေ၊ကိုယ်သိတဲ့သူတွေကောက သရုပ်ဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့မထင်ကြဘူး။ကိုယ်တွေအဖွဲ့ထဲကဆို သူငယ်ချင်းအကောင်သေးသေးလေး တစ်ယောက်ကိုပဲ မင်းသမီးဖြစ်လာလိမ့်မယ်လို့ထင်ကြတာ သူကလဲ ကိုယ့်ထက်စာရင်သွက်တယ်လေ။


အာ့အချိန်တုန်းက အရှက်အကြောက်လဲကြီးတော့ ဘယ်သူ့မှဒီလိုအခြေအနေထိရပ်တည်လာမယ်လို့မထင်ကြဘူး။ဒါမယ့် အနုပညာမျိုးရိုးရှိပြီးသားလူဆိုတော့ အပြင်ပိုင်းမှာသာရိုးအေးတာ အတွင်းစိတ်ထဲမှာတော့ အနုပညာပိုးကတော့အပြည့်ပဲ ငယ်ငယ်ကဆို မကြီးစိုးတို့ရိုက်ကွင်းတွေဆို ခနခနရောက်ဖြစ်တယ်။ လို့ပြောပြခဲ့ပါတယ်။

Source ; Popular Journal