
ပရိတ်သတ်အမြောက်အမြာနဲ့ အောင်မြင် တဲ့မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုန်ရွှေရည် ကတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ပရိတ်သတ်ရင်ထဲ ရောက်ရှိနိုင်သူ တစ်ဦးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုဟာ ရုံအပြည့်နဲ့ ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးရစမြဲဘဲဖြစ်ပါတယ်။


သူမဟာ အနုပညာ အလုပ်တွေကို ရူးသွပ်သူပီပီ ယနေ့အထိ အနုပညာအလုပ်တွေကိုမနားမနေ လုပ်ကိုင်နေလျက်ရှိပါတယ်။ဝတ်မှုန်ရွှေရည်ဟာ ဂျပန်မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းလေးဖြစ်တဲ့ “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားလေးဟာလည်း အောင်မြင်မှုရရှိခဲ့ပြီး ထိုင်းနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ “လိပ်ပြာစံအိမ်”ဇာတ်ကားလေးဟာလည်း ပရိတ်သတ်ကြားအတော်လေး အောင်မြင်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း မင်းသမီးလေး ဝတ်မှုန်ရွှေရည် က ကို၇ီးယားမင်းသားနဲ့”တိမ်တွေ ပေါ်ကပန်း”ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်တာတွေ့ရဦးမှာပါ။

ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံမှာ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ကစ်ကတော့ ကြည်လင်တဲ့ အသားအရေ လေးနဲ့ မိတ်ကပ်မပါမပြင်မဆင်တောင်သဘာဝအတိုင်းအရမ်းလှနေတာပါနော်။
ဝတ်မှုံရွှေရည်က မကြာခင်မှာလည်း ရွှေထူး၊ ဟိန်းဝေယံတို့နဲ့အတူတူ “တစ်ဦးတည်းသော ဣတ္ထိယ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေအတက်ဝတ်မှုံရွှေရည်ရဲ့ စင်္ကာပူရောက် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source: Wutt Hmone Shwe Yi’s fb