
ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်ကြီး ဇော်ပိုင်ကတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အောင်မြင်မှုတွေ များစွာရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ လုပ်နေဆဲပါပဲ။ သူနဲ့ တပုံစံတည်းတူတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ ဇော်ပိုင်ကတော့ လတ်တလောမှာ သားလေးရဲ့ချစ်ခြင်းမေတ္တာလေးတစ်ခုကြောင့် ပျော်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စကားတတ်တဲ့ သားလေး ရွှေပိုင်ကြောင့် ဖေဖေဇော်ပိုင်တစ်ယောက် မျက်ရည်ဝဲတဲ့အထိကို ဖြစ်ခဲ့ရတာပါတဲ့နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းစကားတတ်တဲ့ သားလေးရွှေပိုင်ရဲ့ ကဗျာကြောင့် မျက်ရည်တောင် ဝဲခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ဖေဖေကြီးဇော်ပိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇော်ပိုင်ကတော့ “ရွှေပိုင့်ကျောင်းက ရွှေပိုင်ရေးတဲ့ ဖေဖေ့အကြောင်း ကဗျာ လေးပို့လိုက်တာ မျက်ရည်တောင်ဝဲမိတယ်…ခွန်အားတွေပေးတဲ့ သားလေးကျေးဇူးပါ🥰သူကြိုက်တဲ့ ကုလားအုတ်ကစ..သူ့အကြိုက်ဆုံးဆင်နဲ့ အဆုံးသတ်ထားတယ် သူ့အိုင်ဒီယာလေးချစ်လို့🥰” ဆိုပြီး သူ့အကြောင်း ရေးသားထားတဲ့ သားလေးရွှေပိုင်ရဲ့ ကဗျာလေးကြောင့် ကြည်နူးလွန်းလို့ မျက်ရည်တောင် ဝဲခဲ့ရတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဖေဖေ ဇော်ပိုင်ကို အမွှန်းတင်ထားတဲ့ သားလေး ရွှေပိုင်ရဲ့ကဗျာလေးက တကယ့်ကို ချစ်စရာလေးပါပဲနော်။

Source ; Zaw Paing