“မိုးလင်းတာနဲ့ ဘယ်သူ့ကို အရင်ဆုံး သတိရမိလဲ” လို့ ပြောလာတဲ့ ပိုးကြာဖြူခင် – Myanmar Hot News
30th May 2023

“မိုးလင်းတာနဲ့ ဘယ်သူ့ကို အရင်ဆုံး သတိရမိလဲ” လို့ ပြောလာတဲ့ ပိုးကြာဖြူခင်

MRTV 4 မင်းသမီးလေး ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ အောင်မြင်မှုတွေ တဖြည်းဖြည်း ရရှိလာတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲ နှင့် ဇာတ်ကားများစွာ ဟာလည်း လူသိများ အောင်မြင်လာခဲ့ပါတယ်။

သူမရိုက်ထားတဲ့ ဇာတ်ကားတွေကတော့ “ဝင်္ကပါစံအိမ်၊ မိုးကောင်ကင်အိမ်မက်၊ ကြယ်ကလေးရဲ့ ကောင်းကင်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည်၊ မမထိပ်နှင့် အမွေစံအိမ်” တို့ပဲ ဖြစ်ပါတယ်။ ထိုဇာတ်ကားများမှာလည်း သရုပ်ဆောင်ကောင်းလွန်းတဲ့အတွက် ပရိတ်သတ်တွေရဲ့ တခဲနက် အားပေးမှုနဲ့အတူ သူမဟာ အောင်မြင်လာခဲ့တာပါ။ သူမကို ပိုပြီး သဘောကျ နာမည်တွင်သွားစေခဲ့တာကတော့ “မိုးကောင်းကင် အိမ်မက်” ထဲက “ဆိုင်းမိုင်” ဆိုတဲ့ ဇာတ်ရုပ်လေးကိုပါ။ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ “ဆိုင်းမိုင်” လေးက နေရာယူထားခဲ့ပါပြီ။

ခုဆိုရင်တော့ မန္တလေးမြို့မှာရှိတဲ့ ကုသိုလ်တော်ဘုရားမှာ “မာယာလှည့်ကွက်” ဆိုတဲ့ ဇာတ်လမ်းတွဲ ကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမကတော့ “မိုးလင်းတာနဲ့ ဘယ်သူ့ကို အရင်ဆုံး သတိရမိလဲ ” ဆိုပြီး သူမရဲ့ အိနြေ္ဒရှိ လှပယဉ်ကျေးလွန်းတဲ့ မြန်မာဝတ်စုံ လိမ္မော်ရောင် ဝမ်းစက်လေးနဲ့ ပုံလေးတွေကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ဆိုင်းမိုင်လေးရဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်နော်။

Source; Poe Kyarphyu Khin

Leave a Reply

Your email address will not be published. Required fields are marked *