
မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ဖန်တီးမှုဖြစ်တဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားထဲမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။မင်းသားဇာဏ်ခီနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားပြီး ရိုမန့်တစ် ဒရမ်မာ ဇာတ်လမ်းလေးတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက်ကို “ထာဝရနှောင်ကြိုး”အဖွဲ့တစ်ဖွဲ့လုံးက အားကြိုးမာန်တက်နဲ့ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာနဲ့ အညီ အဓိကအနေနဲ့ မင်းသားဖြစ်တဲ့ ဇာဏ်ခီကတော့ ဇာတ်ရုပ်အတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ရပါတယ်။ဇာဏ်ခီကတော့ ဇာတ်ကားကြီးထဲမှာ “သီဟ”အဖြစ်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်အတွက်လိုအပ်တာကြောင့် ဝိတ်ကို ပေါင်(၂၀)လောက်ထိချခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

အခုလို ပေါင်(၂၀)ချဖို့အတွက်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဇာဏ်ခီဟာ အရမ်းကို တော်ပြီး ထက်မြတ်တဲ့ အနုပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။ သူဟာ အစုံ၊အတီး၊အရေးအသား အားလုံးကောင်းတဲ့ ဘက်စုံထူးချွန်သူ တစ်ယောက်ပါ။ အိမ်ထောင်ရေးမှာလဲ ကံကောင်းတဲ့ အမျိုးသားလို့ ဆိုရပါမယ်။သူ့ရဲ့ အမျိုးသမီးဖြစ်တဲ့ ခရစ်စတီးနား ခီဟာလဲ အင်မတန်တော်တဲ့ ဒါရိုက်တာကောင်း တစ်ယောက်မို့ သူတို့နှစ်ယောက်ကို ချစ်တဲ့ ပရိတ်သတ်တွေ များလာခဲ့တာ ဖြစ်ပါတယ်။

ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်။

Source; Zenkyi