
“ည”ဇာတ်ကားဖြင့် အောင်မြင်မှု လမ်းကြောင်းပေါ်ေ၇ာက်ရှိလာတဲ့ မင်းသားချောလေး ညိမ်းသော်ကတော့ အထူးမိတ်ဆက်ပေးစရာမလိုအောင်ကို ပရိတ်သတ်တွေ သိပြီးသားဖြစ်မှာပါ။ ဘော်ဒီ အချိုးအစားလှပရုံသာ မက အပြုံးချိုချိုလေးတွေကြောင့် မိန်းကလေးတွေ တမ်းတမ်းစွဲနေရတဲ့ မင်းသားတစ်လက်ဘဲဖြစ်ပါတယ်။

ပရိတ်သတ်တွေ ချစ်တဲ့ ညိမ်းသော်ကို အခုတစ်ခါမှာလည်း “နင်မရှိတဲ့ကမ္ဘာ “ဇာတ်လမ်းတွဲမှာ ထပ်မံမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ယင်းဇာတ်ကားလေးကတော့ dramaပုံစံရော ဝိဥာဉ် တွေ horrorတွေပါပါတော့ဘရသမျိုးစုံ ခံစားရမယ့် ဇာတ်ကားလေးတစ်လို့လည်း ညိမ်းသော်ကပြောပြသွားခဲ့ပါတယ်။

သူကတော့ ယင်းဇာတ်လမ်းထဲမှာ ချစ်သူ ဝိဥာဉ်ကောင်မလေးကို လိုက်ကူညီ ဖြေရှင်းပေးရတဲ့ ကောင်လေးနေရာကနေပါဝင်သွားမှာဖြစ်ပါတယ်။

“နင်မရှိတဲ့ကမ္ဘာ “ဇာတ်လမ်းတွဲဟာ
Cookie TV ရဲ့ ပထမဆုံးရိုက်ကူးတင်ဆက်မယ့်ဇာတ်လမ်းတွဲလေးဖြစ်ပြီး ကန်တော့ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီက ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Source cele gabar