Facebookမှာ နာမည်ကြီးနေတဲ့ ပန်းခင်းလေးဆီ အလည်ရောက်ခဲ့တဲ့ မိုးဟေကို – Myanmar Hot News
30th May 2023

Facebookမှာ နာမည်ကြီးနေတဲ့ ပန်းခင်းလေးဆီ အလည်ရောက်ခဲ့တဲ့ မိုးဟေကို

အမြဲလိုလို ဖက်ရှက်ကျကျနဲ့ မြင်တွေ့ရတတ်တဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ အမိုက်စားဖက်ရှင်တွေကို အထာကျကျဝတ်ဆင်တတ်သူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မိုးဟေကိုက Facebookမှာ အရမ်းနာမည်ကြီးနေတဲ့ ပြင်ဦးလွင်က ပန်းခင်းကြီးဆီ အလည်ရောက်ခဲ့တုန်းက ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမြဲလိုလို ဖက်ရှင်ကျနေတတ်တဲ့ မိုးဟေကိုကတော့ ထင်ထင်ရှားရှားနဲ့ကို တောက်ပနေတဲ့ ပန်းခင်းကြီးကြားထဲမှာ အရမ်းလှနေတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ကဗျာဆန်လွန်းလှတဲ့ ပန်းခင်းကြီးရဲ့အလည်မှာ ရိုးရိုးရှင်းရှင်းလေး လှနေတဲ့ မိုးဟေကိုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ “ရိုးရှင်းသောဘဝရဲ့ ပျော်ရွှင်မှု 🌺🌸💐” ဆိုပြီး သူမရဲ့ခရီးသွား အလှပုံရိပ်တစ်ချို့ကို Facebookမှာ ဝေမျှပေးထားတာပါ။ ခရီးသွားနေရရင် ပျော်နေတဲ့ မိုးဟေကိုကတော့ လတ်တလောမှာ ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေပြီး ပရိသတ်တွေအတွက် အလှပုံရိပ်တွေကို ဝေမျှပေးလေ့ရှိပါတယ်။

အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ မိုးဟေကိုကတော့ သူမကိုယ်တိုင်လည်း ထုတ်လုပ်ရေးတစ်ခုထောင်ပြီး ဇာတ်ကားတွေ ရိုက်ဖြစ်နေတဲ့အပြင်၊ သရုပ်ဆောင်အနေနဲ့လည်း ရိုက်ကူးရေးတွေ လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုးဟေကို ပါဝင်သရုပ်ဆောင်ထားတဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။

ချစ်ပရိသတ်တွေလည်း အရမ်းကို လှရက်လွန်းတဲ့ နတ်မိမယ်လေး မိုးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source; Moe Hay Ko

Leave a Reply

Your email address will not be published. Required fields are marked *