မနက်ခင်းလေးကိုပိုမိုပြည့်စုံစေတဲ့ ယွန်းယွန်းရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်များ – Myanmar Hot News
30th May 2023

မနက်ခင်းလေးကိုပိုမိုပြည့်စုံစေတဲ့ ယွန်းယွန်းရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်များ

ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအထူးရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အခုအခါမှာတော့ သူမရဲ့ ကလေးသရုပ်ဆောင်ဆိုတဲ့ ပုံရိပ်ပျောက်ကွယ်ပြီး မင်းသမီးငယ်လေးတစ်ယောက်အဖြစ် ပရိသတ်လက်ခံလာတာလည်းတွေ့ရပါတယ်။

ယွန်းယွန်းဟာ တစ်ဖက်မှာ အနုပညာအလုပ်တွေဆက်တိုက်လုပ် ကိုင်နေသလို တစ်ဖက်မှာလည်း ကျောင်းပညာကိုဆက်လက်လေ့လာနေတာလည်းဖြစ်ပါတယ်။ အမြဲလိုလိုချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလေ့ရှိတဲ့ ယွန်းယွန်းဟာ အခုအခါမှာလည်း မနက်ခင်းလေးမှာ သူမရဲ့ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ယွန်းယွန်းဟာ ၂၀၁၆ ခုနှစ်မှာ မြန်မာ၊ ဇီဝ နှစ်ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး အခုအခါမှာတော့ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာအထူးပြုနဲ့ကျောင်းတက်နေတာလည်းဖြစ်ပါတယ်။ ငယ်ငယ်ထဲက ဆံပင်ရှည်လေးနဲ့ ချစ်ဖို့ကောင်းနေပြီး ပြုံးလိုက်ရင်လည်းပါးချိုင့်လေးနဲ့ လှနေတဲ့ ကလေးလေးယွန်းယွန်းဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း လူကြီးဆန်ဆန်လှပနေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးကိုချစ်ခင်အားပေးကြမယ် ထင်ပါတယ်။

Source; Yoon Yoon

Leave a Reply

Your email address will not be published. Required fields are marked *