အဖိုးဖြစ်သူ ဂဠုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်း ပြောပြလာတဲ့ ဇော်ဇော်ပိုင် – Myanmar Hot News
23rd March 2023

အဖိုးဖြစ်သူ ဂဠုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်း ပြောပြလာတဲ့ ဇော်ဇော်ပိုင်

အောင်ဆန်းရုပ်ရှင်နဲ့ပက်သက်ပြီးတော့ လူရွေးချယ်မှုတွေပြုလုပ်ပြီးပြီဖြစ်တာတော့ကြာပါပြီ။ရိုက်ကူးဖို့အတွက်ကတော့ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး အချိန်ကာလ ၅လကြာမှာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ကြမယ့် ဇာတ်ကောင်များကလည်း ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်စီစဉ်ပြီးနေပြီဖြစ်ပါတယ်။

ဂဠုန်ဦးစော နေရာကနေတော့ ပါဝင်အားဖြည့်မယ့် သူကတော့ မြေးဖြစ်သူ ဇော်ဇော်ပိုင်ပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့ သရုပ်ဆောင်ပိုင်းမှာ အသစ်ဖြစ်တာကြောင့် စိုးရိမ်နေပေမယ့်လဲ အ၀တ်အစားပိုင်းနဲ့ ရှေးခေတ်ကပုံစံအနေအထားတွေကိုတော့ လေ့လာထားတာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ဖို့အတွက်တော့ အမျိုးတွေကတော့ မရိုက်ဖို့တားကြတယ်။အဘိုးဆိုးသမျှကို မြေးအလှည့်ကျမှဖော်တယ်ဆိုတာမဖြစ်ချင်ကြဘူး ဒါမယ့် အကောင်းဆုံးကြိုးစားပြီး အဘိုးကျေးဇူးဆပ်ချင်တယ်လို့ ပြောပြခဲ့ပါတယ်။

ငယ်ငယ်ကဆို အဖိုးရွာကိုရောက်တော့ ဂဠုန်ဦးစောဝင်စားတယ်လို့တောင်ပြောခံရတယ်။ အာ့အချိန်ကတော့ အသက် ၆နှစ်လောက်ပဲရှိလိမ့်မယ် အဖိုးနဲ့ မြေးတူတာကတော့ မျိုးရိုးကြောင့် အများကြီး သက်ဆိုင်တယ် ဒါကြောင့် အရမ်းကြီး ထူးဆန်းတာမျိုးမရှိပါဘူး။ ဒီဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက်က ကိုလူမင်းကိုလဲယုံကြည်လို့ပါ ဒါကြောင့် လက်ခံဖြစ်တာလဲဖြစ်ပါတယ်။အဖိုးရဲ့ ပုံရိပ်ကိုမထိခိုက်အောင်တော့ လုပ်ဆောင်သွားမှာပါ လို့လဲသိရပါတယ်။

Source ; MC

Leave a Reply

Your email address will not be published. Required fields are marked *