
နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ် အနုပညာလောကထဲ စတင်ဝင်ရောက်လာကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုလက်ရှိချိန်ထိတိုင် အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိနေတာဖြစ်ပြီး အကယ်ဒမီဆုကြီးနှစ်ဆုနဲ့ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။


အနုပညာလုပ်ငန်းတွေကို လက်မလည်အောင်လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က သူမကို ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေများစွာကိုလည်း တက်ရောက်ပေးနေတာကို တွေ့ရပါတယ်။ မနေ့က နိုဝင်ဘာလ (၁၇) ရက်နေ့ကလည်း ဝတ်မှုံရွှေရည်က ရန်ကုန်မြို့ Time Square မှာ ကျင်းပပြုလုပ်တဲ့ THE AVENUE Chic Pauk (Mogok Pauk Pauk) Ready to wear launch အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က အနက်ရောင်ဂါဝန်ဝဲဝဲလေးနဲ့ အားလုံးကြားမှာ ထင်ရှားလှပနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အသက် သုံးဆယ်ကျော်သွားတာတောင် လူငယ်တွေ လိုက်လို့မမှီအောင် ချောမောနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source; Wutt Hmone Shwe Yi