သတို့သား ဝတ်စုံကြီးနဲ့ အရမ်းခန့်ပြီးကြည့်ကောင်းနေတဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်များ – Myanmar Hot News
2nd April 2023

သတို့သား ဝတ်စုံကြီးနဲ့ အရမ်းခန့်ပြီးကြည့်ကောင်းနေတဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်များ

မြန်မာ Idol အစီအစဉ်မှာ အစီအစဉ်တင်ဆက်ရင်းကတဆင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ကျော်ထက်အောင်ဟာလည်း ပရိသတ်အချစ်တော်တစ်ဦိးပါ။ လက်ရှိမှာတော့ ကျော်ထက်အောင်ဟာ မြန်မာ idol season 4 မှာပဲ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး တစ်ဖက်မှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

ကျော်ထက်အောင်ဟာ အခုအခါမှာတော့ သတို့သားဝတ်စုံကြီးနဲ့ သူ့ရဲ့ အရမ်းခန့်နေတဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebookကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ သတို့သားဝတ်စုံနဲ့အတူ ‘ယူတို့အကိုကြီး သတို့သမီးမျှော်နေပုံ အကုန်လုံး ready ဖြစ်နေပေမယ့် လိုနေတာ သတို့သမီး’ ဆိုတဲ့ စာသားလေးနဲ့အတူ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ကျော်ထက်အောင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရသူဖြစ်ပါတယ်။ ပရိသတ်တွေရော အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတဲ့ ကျော်ထက်အောင်ကိုအားပေးကြမယ် ထင်ပါတယ်။

Source; Kyaw Htet Aung

Leave a Reply

Your email address will not be published. Required fields are marked *