
Myanmar Idol Program ကတော့မြန်မာနိုင်ငံမှာ ဆိုရင်တော့ အဆိုပြိုင်ပွဲကြီးတွေထဲမှာအအောင်မြင်ဆုံးပွဲကြီးဖြစ်ပါတယ်။အခုအခါမှာတော့ Season 4ထိရောက်ရှိလာပြီဖြစ်ပါတယ်။Season 1 ကနေ 3အထိ ယောကျာ်းလေးတွေပဲ winner ရနေကြတာကြောင့် ပရိသတ်တွေကော ပြိုင်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်အချို့ကပါ မိန်ကလေး winner ဖြစ်လာဖို့ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

Myanmar Idol Season 1မှာ စတင်ပါဝင်ယဉ်ပြိုင်ခဲ့ပြီး Top 10ထိပါဝင်ခဲ့တဲ့ ဆိုဖီယာကတော့ အေးမြဖြူလေးကို Winner ထိရှိစေချင်တာပဲဖြစ်ပါတယ်။သူ့အသံစကြားတုန်းက ပြိုင်နေတယ်လို့တောင်မထင်ဘူး ပြီးတော့ အလုပ်များတဲ့ရက်တွေဆိုတော့ အစီအစဉ်လဲသိပ်မကြည့်ဖြစ်ဘူး။သူဆိုတာ ပြီးသွားတော့မှ ဒိုင်တွေဆုံးဖြတ်သံကြားတော့မှပြိုင်နေတာသိရတာ နောက်မှ လိုင်းပေါ်မှာပြန်ရှာပြီးကြည့်ရတယ်။

အေးမြဖြူလေးကို Winner တော့ဖြစ်စေချင်တယ် ဒါမယ့် အလုပ်တွေကိုလွတ်လွတ်လပ်လပ် မလုပ်ရတော့မှာလဲဆိုးတယ် အခွင့်အရေးများလေ ကိုယ့်အတွက်အကြပ်အတည်းများလေပဲလေ အာ့ကြောင့်တကယ်ကိုယ်ဝါသနာပါတာပဲ လုပ်စေချင်တယ် ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲလျှောက်လှမ်းစေချင်တယ်လို့ ပြောပြခဲ့ပါတယ်။

Source ; Sunday Journal