ကြွေလွင့်သွားပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ နံရံပန်းချီပုံရိပ်တွေကို လာရောက်ကြည့်ရှုခဲ့တဲ့ မိုးဒီ – Myanmar Hot News
24th March 2023

ကြွေလွင့်သွားပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ နံရံပန်းချီပုံရိပ်တွေကို လာရောက်ကြည့်ရှုခဲ့တဲ့ မိုးဒီ

အနုပညာလောကမှာ တန်ဖိုးရှိလှပြီး အရည်အချင်းရှိလှတဲ့ အနုပညာရှင်များအများစုကတော့ လောကဓံရဲ့ စိန်ခေါ်မှုတွေကြောင့် သဘာဝတရားကြီးကို မလွန်ဆန်နိုင်ဘဲ သေပွဲဝင်ခဲ့ကြရပါတယ်။ထိုအနုပညာရှင်တွေကို အမှတ်ရစေဖို့အတွက်ရယ် သဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းသောအားဖြင့် နောက်ဘေးလမ်းကြားလေးထဲမှာ အနုပညာပုံရိပ်တွေကို နံရံပန်းချီများအဖြစ် အသက်သွင်းပြောင်းလဲထားပါတယ်။

ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲမှာတွေ့ကြမှာဖြစ်တဲ့ အနုပညာလမ်းကြားလေးကတော့ အခုလက်ရှိမှာတော့ လူငယ်များကြားမှာရေပန်းစားနေတဲ့ နေရာလေးဖြစ်ပါတယ်။နံရံပန်းချီလေးတွေဖြစ်ပေမယ့်လဲ အရမ်းကို အနုပညာဆန်တာကြောင့် သက်ရှိထင်ရှားတွေ့မြင်နေရသလိုခံစားရမှာပဲဖြစ်ပါတယ်။

ထို အနုပညာလမ်းကြားလေးကို ပထမဦးဆုံးဖွင့်လစ်ခဲ့တဲ့ နေ့လေးမှာပဲ ဟာသ သရုပ်ဆောင်မိုးဒီကတော့ နေမကောင်းတဲ့ကြားထဲကနေ သွားရောက်ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပြီး စကားတွေကိုဖော်ရွှေစွာပျော်နေပေမယ့် မျက်လုံးထဲမှာတော့ ကြွေလွင့်သွားတဲ့အနုပညာရှင်တွေအတွက်မျက်ရည်စတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် တွဲဖက်ပြီး ဟာသတွေအတူတူ တင်ဆက်ပြသခဲ့တဲ့ ညီအစ်ကို မော့စ်ရဲ့ပုံလေးကိုတွေ့မြင်တဲ့အခါမှာလဲ သတိရလွမ်းဆွတ်တဲ့ မျက်လုံးလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Source ; Cele Gaber

Leave a Reply

Your email address will not be published. Required fields are marked *