‌ဒေါင်းနဲ့ဖွေးဖွေးကို အတွဲညီညီတွဲဖက်မြင်တွေ့ရဦးမှာဖြစ်တဲ့ ကြော်ငြာလေး – Myanmar Hot News
30th May 2023

‌ဒေါင်းနဲ့ဖွေးဖွေးကို အတွဲညီညီတွဲဖက်မြင်တွေ့ရဦးမှာဖြစ်တဲ့ ကြော်ငြာလေး

အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသမီးချော‌လေး ဖွေးဖွေးနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်းအောင်မြင်မှုတွေကိုသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဒေါင်းတို့ကတော့ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံးတွဲဖက်မြင်တွေ့ရမယ့် ကြော်ငြာလေးတစ်ခုကိုရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။နှစ်ဦးသားကို အနုပညာအလုပ်တွေတွဲဖက်လုပ်ဆောင်တာမတွေ့ရသော်လည်း ကြော်ငြာထဲမှာတော့ ဒါကပထမဦးဆုံးကြော်ငြာလို့တောင်ဆိုရပါမယ် ။

ဖွေးဖွေးနဲ့ဒေါင်းတို့ရဲ့ အနုပညာတွဲဖက်လှုပ်ရှားမှုတွေကိုတော့ ရုပ်ရှင်ကားကြီး တစ်ကားမှလဲတွဲဖက်မြင်တွေ့ရမှာပါ။ထိုရုပ်ရှင်ကားကြီးကတောရိုက်ကူးနေတာဖြစ်ပြီး ရုံတင်တဲ့အခါကြရင်လဲဘယ်လိုမျိုးတွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါ။

အနုပညာရှင်မောင်နှမ‌တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးကို အတူတူတွေ့မြင်ရမယ့်ကြော်ငြာလေးကတော့ ချမ်းသာပုဆိုးကြော်ငြာလေးပဲဖြစ်ပါတယ်။ထိုကြော်ငြာပုံရိပ်ကလေးတွေကိုပရိသတ်တွေ ခံစားကြည့်ရှုနိုင်ဖို့အတွက် ကူးယူမျှဝေပေးလိုက်ပါတယ်။

Source ; Phway Phway

Leave a Reply

Your email address will not be published. Required fields are marked *