သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လုပ်ပေးဖို့ ကျန်နေသေးတယ်ဆိုတဲ့ သက်မွန်မြင့် – Myanmar Hot News
7th June 2023

သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လုပ်ပေးဖို့ ကျန်နေသေးတယ်ဆိုတဲ့ သက်မွန်မြင့်

အောင်မြင်နေတဲ့ အနုပညာကြယ်ပွင့်လေးဖြစ်တဲ့ သက်မွန်မြင့်လေးကတော့ သာယာပျော်ရွှင်လှတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလဲရရှိထားပါတယ်။အကြီးဆုံးသားလေးကို ရရှိခဲ့တုန်းက သားလေးနဲ့ပတ်သက်ပြီး အမှတ်တရလေးဖြစ်အောင် သီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုခဲ့ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ကတော့ သီချင်းသီဆိုရတာကိုတော့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်လေးပါ။သူမရဲ့ အသံမူရင်းကတော့ သီချင်းဆိုကောင်းတဲ့ အသံတော့မဟုတ်ပါဘူး။ဒါမယ့် သားဦးလေးကိုရရှိတဲ့ အခါမှာတော့ အမှတ်တရဖြစ်အောင် ခင်ပွန်းဖြစ်သူကနေ သီချင်းစာသားလေးကိုရေးစပ်ပေးခဲ့တာကြောင့် ဂီတအနုပညာရှင်တွေကို အကူအညီတောင်းပြီး သီဆိုခဲ့တာပဲဖြစ်ပါတယ်။

သမီးလေးကို ပိုင်ဆိုင်ရရှိလာတဲ့အခါမှာတော့ သူအတွက် သီချင်းလေးပြုလုပ်ပေးခဲ့တာမရှိပါဘူး။ဒါ့ကြောင့်လဲ တာဝန်လစ်ဟာသွားတယ်လို့ခံစားနေရပါတယ်။သက်မွန်အနေနဲ့ ဖန်တီးပေးချင်ပေမယ့် ခင်ပွန်းဖြစ်သူ စာသားလေးရေးစပ်ဖြစ်ရင်တော့ သမီလေးအတွက်သီဆိုပေးမှာပဲဖြစ်ပါတယ်။သမီးလေးကတော့ အစ်ကို့အတွက် ရေးစပ်သီကုံးထားတဲ့ သီချင်းလေးကိုပဲ သားနေရာမှာ သမီးပြောင်းဆိုနေတာကြောင့် နည်းနည်းတော့ ကြောက်မိတယ် စိတ်ဒါဏ်ရာ ရမှာဆိုးတာကြောင့် လို့သိရပါတယ်။

Source ; MC

Leave a Reply

Your email address will not be published. Required fields are marked *