
သဘင်အနုပညာကတော့ ခေတ်ကာလကြာရှည်စွာမတိမ်မြုတ်ဘဲ အခုထိအောင် နယ်ဘက်ကပရိသတ်တွေကော မြို့ပေါ်ကပရိသတ်တွေပါ ကြိုက်နှစ်သက်နေဆဲဖြစ်တဲ့ သဘင်အနုပညာကတော့ ဘုရားပွဲတိုင်းမှာ မပါမဖြစ် ပါဝင်တဲ့အရာလေးဖြစ်ပါတယ်။လက်တစ်လောက နယ်ဘက်မှစွမ်းဇာနည် သဘင်အဖွဲ့ကို ဘုရားပွဲတွက်ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။


ထိုငှာရမ်းခဲ့တဲ့ပွဲလေးကိုတော့ အဓိကလူဖြစ်တဲ့ စွမ်းဇာနည် ကရောက်ရှိလာခြင်း မရှိတာကြောင့် ပွဲငှားရမ်းသူတွေနဲ့ ကြည့်ရှုသူတွေပါစိတ်ဆိုးခဲ့ကြပါတယ်။ထိုပွဲလေးကိုမရောက်ရှိခဲ့တာကတော့ စွမ်းဇာနည်တစ်ယောက် နေမကာင်းဖြစ်ပြီး ဆေးရုံတက်နေရတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမယ့် သဘင်မှာပါဝင်တဲ့ အနုပညာရှင်တွေတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ပွဲငှားသူတွေနဲ့ပရိသတ်တွေ ကျေနပ်မှုမရှိတာကြောင့် သဘင်ဥက္ကဋ္ဌဖြစ်တဲ့ ဖိုးချစ်ကနေ ဦးဆောင်ညှိနှိုင်းပေးနေတာပဲဖြစ်ပါတယ်။ဖိုးချစ်အနေနဲ့ ပွဲငှားခဲ့တဲ့ နေရာဒေသရဲ့ အုပ်ချုပ်ရေးမှုးနဲ့လဲ ဖုန်းနှစ်ခါပြောခဲ့ပြီး တက်နိုင်တဲ့ ငွေအမောက်ကို လျှော်ကြေးအနေနဲ့ လက်ခံပေးဖို့ ညှိနှိုင်းနေတာပဲဖြစ်ပါတယ်။ပြသနာဖြစ်နေတဲ့ တောက်လျှောက်လုံး စွမ်းနဲ့လဲ အဆက်အသွယ်မပြတ်ဘဲရှိနေခဲ့ပါတယ်။ကိုယ်တွေဘက်က တက်နိုင်တဲ့ လျှော်ကြေးနဲ့အဆင်မပြေတော့ရင်တော့ သက်ဆိုင်ရာ ဥပဒေဘောင်ဘက်ကပဲ သွားရမှာပါလို့ သိရပါတယ်။

Source ; MC