အဝါရောင်ဒေစီပန်းလေးတစ်ပွင့်လို နူးညံစွာလှပနေတဲ့ ပတ်ထရစ်ရှာ – Myanmar Hot News
24th March 2023

အဝါရောင်ဒေစီပန်းလေးတစ်ပွင့်လို နူးညံစွာလှပနေတဲ့ ပတ်ထရစ်ရှာ

မင်းသမီးချောလေး ပတ်ထရစ်ရှာက အဒေါ်ဖြစ်သူ အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားနိုင်တဲ့သူလေး ဖြစ်ပါတယ်။ ပတ်ထရစ်ရှာရဲ့ ဘိုဆန်တဲ့ မျက်နှာလေးနဲ့ သေးသွယ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ သဘောကျကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ပရိသတ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ ပတ်ထရစ်ရှာက အခုဆိုရင် အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ပတ်ထရစ်ရှာက သူမချစ်ရတဲ့ ပရိသတ်တွေအတွက် ဒေစီပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေတဲ့ သူမရဲ့ ပုံရိပ်အချို့ကို မျှဝေပေးထားပါတယ်။

ပတ်ထရစ်ရှာကတော့ ဘာမှမခွဲစိတ်၊ မပြုပြင်ထားပဲ သူမရဲ့ ပင်ကိုယ်ပုံစံလေးကိုက အရုပ်မလေးတစ်ရုပ်လို အရမ်းချစ်စရာကောင်းတာမို့ မြင်သူတိုင်းက ချစ်ကြတာ ဆန်းမယ် မထင်ပါဘူး။ ပတ်ထရစ်ရှာကတော့ ဘယ်အချိန်ကြည့်ကြည့် လှပမှုအပေါင်း သရဖူဆောင်းထားသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာရဲ့ အလှပုံရိပ်တွေကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်နော်။

Source; Patricia

Leave a Reply

Your email address will not be published. Required fields are marked *