
သုံးဆယ်ကျော်မမတစ်ယောက်ရဲ့ အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့သူတစ်ယောက်ပါပဲ။ ပရိသတ်တွေက အေးဝတ်ရည်သောင်းကို သူမ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန် မော်ဒယ်ဘဝကတည်းက အခုချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။


အေးဝတ်ရည်သောင်းကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ခွင့်ရတဲ့ ဆိုင်ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း အေးဝတ်ရည်သောင်းက မုံရွာမြို့မှာ ကျင်းပပြုလုပ်တဲ့ Smile Eyewear ဆိုင်ဖွင့်ပွဲ အခမ်းအနားလေးကို တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။

အေးဝတ်ရည်သောင်းက “ကိုယ်ကမျက်စိလည်းစမ်းခဲ့သေးတယ်။ ပါဝါရှိတယ် မျက်မှန်တပ်ရမယ်တဲ့။ ၂ လုံးအပိုရတော့မယ်။ လေးလုံးဖြစ်တော့မယ်။ အရမ်းချစ်ပေးတဲ့မုံရွာနဲ့အနီးပါတ်ဝန်းကျင်မှ အမျိုးများအားလုံးကို အရမ်းချစ်ရပါတယ်နော်” ဆိုပြီး ပြောထားပါသေးတယ်။
အပျိုကြီး အေးဝတ်ရည်သောင်းကတော့ မုံရွာမြို့က ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝ ခံစားသိရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပွဲတက်အမှတ်တရပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source; Aye Thaung