သီချင်းတွေလည်း သီဆိုချင်သေးတယ်ဆိုတဲ့ မင်းသမီးချောလေး ဖွေးဖွေး – Myanmar Hot News
5th June 2023

သီချင်းတွေလည်း သီဆိုချင်သေးတယ်ဆိုတဲ့ မင်းသမီးချောလေး ဖွေးဖွေး

ဖွေးဖွေးကတော့ နိုဝင်ဘာလ(၁၉)ရက်နေ့မှာ သူလုပ်ချင်သေးတဲ့ တစ်ချို့သောကိစ္စလေးတွေကို “ကိုယ့်ကိုယ်ကို ပန်းချီဆွဲချင်ဆွဲမယ်…အလုပ်တွေဖိလုပ်မယ်…အစားတွေရှောင်မယ်..အစားတွေစားချင်လဲစားမယ် …တယောက်ထဲနေချင်လဲနေမယ် …အဖွဲ့လိုက်ပျော်ရင်လဲပျော်မယ်…နင့်ကိုချစ်ချင်လဲချစ်မယ်..ငါစည်းကမ်းတွေစောင့်မယ် စည်းကမ်းတွေပျက်ရင်လဲတခါတလေပျက်နိုင်မယ်…ဒါပေမယ့်… ငါ …လူပီသမယ်..”လို့ သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဒီပိုစ့်လေးရဲ့ Cmtမှာတော့ “သီချင်းတွေလဲဆိုချင်သေးတယ် အချစ်ရယ်..” လို့ သီချင်းတွေသီဆိုဦးမယ်လို့ ဖော်ပြခဲ့ပါသေးတယ်။

ဖွေးဖွေးကတော့ အနုပညာလောကမှာလည်း ဇာတ်လမ်းဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံး အကယ်ဒမီဆုတွေကို “လက်ပံ”၊”ကျွန်မကနှင်းဆီပါမောင်” ၊ “ရွှေကြာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရရှိခဲ့ပါတယ်။သူမပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ သည်းထိတ်ရင်ဖိုမှုအပြည့်နဲ့ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းနဲ့အတူ “Love Equation”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရပါတယ်။

အနုပညာလောကမှာလည်း ဇာတ်လမ်းဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး အကယ်ဒမီ(၃)ဆုတိတိ ဆွတ်ခူးထားနိုင်တဲ့ ဖွေးဖွေးကတော့ သီချင်းတွေလည်းဆိုချင်သေးပါတယ်တဲ့ ဆိုရင်ရော အားပေးကြဦးမှာလား။

Source; Phway Phway

Leave a Reply

Your email address will not be published. Required fields are marked *