
ပိုင်တံခွန်ဆိုတာနဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအပြင် မိန်းကလေးတော်တော်များများရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံရတဲ့မင်းသားချော တစ်ဦး ဆိုတာသိကြမှာပါ။မကြာသေးခင်ကမှ လူမှုကွန်ရက်မှ တစ်ဆင့် ထိုင်းပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို အံ့အားသင့်ဖွယ်ရရှိခဲ့တဲ့ မင်းသားချောပိုင်တံခွန် ဟာပြည်တွင်းက မိန်းကလေးပရိတ်သတ်တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်နိုင် ရုံသာမက ထိုင်းမလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေးအဖြစ် အောင်မြင်လျက်ရှိပါတယ်။

ပိုင်တံခွန် ကလက်ရှိဆိုရင်ထိုင်းနိုင်အထိပါ သွားရောက်ပြီးတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုင်တံခွန်ဟာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ခရီးသွားဈေးကွက်ကို တိုးချဲ့မြှင့်တင်ဖို့အတွက် ခရီးသွားသံတမန်အဖြစ်နဲ့ခန့်အပ်ခြင်းခံလိုက်ရတာဖြစ်ပြီး သူကတော့ မြန်မာပြည်ကိုချစ်တဲ့သူတစ်ဦးအနေနဲ့ဂုဏ်ယူဝမ်းမြောက်စွာနဲ့လက်ခံခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကြောင့် ခရီးတွေကို ဆက်တိုက်ထွက်နေရပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာပြည်ကြီးဟာ ဘယ်လောက်လှပပြီး ဘယ်လောက်မှင်သက်စရာ ကောင်းလဲဆိုတာ ကိုသူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“အကြိမ်တစ်ရာမက ကြားရခြင်းထက် တစ်ကြိမ်လေးသာ မြင်ရခြင်းဟာ သာ၍ကောင်းပါတယ်”…..ဒီစာသားလေးက ကျွန်တော့်ကို ခရီးမကြာခဏထွက်ဖြစ်အောင် စိတ်ခွန်အားပေးနေကျပါပဲ…ကျွန်တော့်အကြိုက်ဆုံး အဆိုအမိန့်တွေထဲက တစ်ခုပေါ့…..ပြီးတော့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ဒီစာသားလေးအတိုင်း လိုက်ကျင့်စေချင်မိတယ်…ကမ္ဘာပေါ်မှာ လည်ပတ်ဖို့ စူးစမ်းလေ့လာဖို့ နိုင်ငံပေါင်းရာကျော်ရှိပါတယ်….ကျွန်တော်ကတော့ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မြန်မာပြည်ကိုလာလည် စေချင်တယ်….ဘာလို့လဲဆိုတော့ မြန်မာပြည်ကြီးဟာ ဘယ်လောက်လှပပြီး ဘယ်လောက်မှင်သက်စရာ ကောင်းလဲဆိုတာ ကို ကျွန်တော့်ပရိတ်သတ်တွေကို မြင်စေ သိစေချင်လို့ပါပဲ….. ဒါကြောင့် မြန်မာပြည်ထဲက နေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်”ဟုဆိုကာ မြန်မာရဲ့ ရှုခင်းအလှနဲ့ တွဲဖက်ထားတဲ့ သူ့ရဲ့ပုံရိပ်တစ်ချို့ကိုပရိတ်သတ် အတွက်တင်ထားခဲ့ပါတယ်။


Soure: Paing Tcakhon