အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု(၂၇)စုစာအတွက် ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ပဲတို့ကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံ – Myanmar Hot News
30th May 2023

အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု(၂၇)စုစာအတွက် ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ပဲတို့ကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဘုန်းလျှံကတော့ ဒီနေ့ အောက်တိုဘာလ (၁၄)ရက်နေ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဘုန်းလျှံကတော့အပြင်လောကကို ပြန်လည်ရောက်ရှိလာချိန်ကနေ စလို့ လိုအပ်တဲ့နေရာတွေမှာ ငွေအားလူအားနဲ့ တတ်နိုင်သလောက်လိုက်လံကူညီနေခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

အခုလို ကိုဗစ်ကာလမှာဆိုရင် ဘုန်းလျှံက ပိုလို့တောင်မှာ လှူဒါန်းပေးနေခဲ့ပါသေးတယ်။ ဒီနေ့ အောက်တိုဘာလ(၁၄)ရက်နေ့မှာတော့ ဘုန်းလျှံက ကိုဗစ်ကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၂၇)စုစာအတွက် လှူဒါန်းမှုပြုခဲ့တာပါ။ အကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ထောင်စု (၂၇)စုစာအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ပဲတို့ကို အလှူရှင်တွေနဲ့အတူစုပေါင်းလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဘုန်းလျှံကတော့ အခုလို ကိုဗစ်ကြောင့် ကျပ်တည်းမှုတွေကြုံပြီး လိုအပ်နေချိန်မှာ လှူဒါန်းခွင့်ရတဲ့ ကာလဒါနအလှူလေးကြောင့် ကြည်နူးပီတိဖြစ်နေခဲ့ပါတယ်။ပရိသတ်ကြီးတွေလည်း ဘုန်းလျှံရဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူပြုလုပ်ခဲ့တဲ့ ကြည်နူးဖွယ်ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

credit-cele zone

Leave a Reply

Your email address will not be published. Required fields are marked *