“သာလွန်ထူးမြတ် နဲ့ လက်တွဲရမလား ဒေါ်ဟန်နီချိုနဲ့ပဲ လက်တွဲလိုက်ရမလား မုန်းကို အကြံပေးကြပါဦး “လို့ဆိုလာတဲ့ မုန်း – Myanmar Hot News
6th June 2023

“သာလွန်ထူးမြတ် နဲ့ လက်တွဲရမလား ဒေါ်ဟန်နီချိုနဲ့ပဲ လက်တွဲလိုက်ရမလား မုန်းကို အကြံပေးကြပါဦး “လို့ဆိုလာတဲ့ မုန်း

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

အောင်မြင်လာတာနဲ့အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း “အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်” ကြော်ငြာလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ မြန်မာဖက်ရှင်လေးတွေနဲ့ လိုက်ဖက်လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံကြော်ငြာလေးတွေ မှာလည်း အမြဲတွေ့ရပါတယ်။

ခုလတ်တလောမှာတော့ ပိုးကြာဖြူခင်က မာယာလှည့်ကွက်ဇာတ်လမ်းတွဲလေးထဲမှာ မုန်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပီပြင်စွာ သရုပ်ဆောင်လျှက် ရှိနေပါတယ်။ မုန်းက “သာလွန်ထူးမြတ် နဲ့ လက်တွဲရမလား ဒေါ်ဟန်နီချိုနဲ့ပဲ လက်တွဲလိုက်ရမလား မုန်းကို အကြံပေးကြပါဦး “လို့ဆိုကာ ပရိတ်သတ်ကြီးဆီကနေ အကြံညဏ်လေးကို တောင်းလာခဲ့ပါတယ်။ ကဲ ဒါဆိုရင် မုန်းကို ချစ်တဲ့ ပရိတ်သတ်ကြီးရေ အကြံညဏ်လေးတွေ ပေးခဲ့ကြပါအုံးနော်။

Source; Poe Kyar Phyu Khin

Leave a Reply

Your email address will not be published. Required fields are marked *