မင်းသမီးချော ဝါဆိုမိုးဦးရဲ့ ညစ်မဖြစ်သူ သဉ္ဇာက လက်ရှိမှာ အောင်မြင်တဲ့ သူတစ်ယောက်အဖြစ် အနုပညာနယ်ပယ်ထဲကို လျှောက်လှမ်းလာနေတာကို တွေ့ရပါတယ်။ သဉ္ဇာက အစ်မဖြစ်သူ ဝါဆိုရဲ့ ဘော်ဒီကို သဘောကျလို့ Gymတွေလည်း အတူတူ လိုက်ဆော့ဖြစ်နေတယ်လို့ ဆိုပါတယ်။




မျက်နှာဖူးဖူးလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ သဉ္ဇာရဲ့ အထူးခြားဆုံး အလှဆုံးအရာလေးတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သဉ္ဇာက “King7Dynasty” မှ စီစဉ်ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ပွင့်သီင်္ဂီဇော် ဖန်တီးရိုက်ကူးကာ Jay Baas ၊ Francis Leoတို့နဲ့အတူ “My_Dear_You “ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် သဉ္ဇာက “ပဉ္စမမြောက် ပုစ္ဆာ” ဆိုတဲ့ Seriesလေးလည်း ရိုက်ကူးထားလျှက် ရှိပါတယ်။




ခုတစ်ခါမှာတော့ သဉ္ဇာက စူးရှတဲ့အကြည့်လေးတွေနဲ့ ပုရိသတွေရဲ့ အသည်းကို ဖမ်းစားခဲ့တဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ မျက်ဝန်းစူးစူးလေးတွေရဲ့ အကြည့်တွေအောက်မှာ တောက်ပစွာ လှနေတဲ့ သဉ္ဇာရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Thin Zar