“အမုန်းမှသည်က မင်းသမီးမဟုတ်ပဲ အမုန်းမှသည်Fan Girl ဖြစ်လို့ နေပါပြီ😍😍😍”လို့ဆိုလာတဲ့ ဆောင်းဝတ်ရည်မေ – Myanmar Hot News
23rd March 2023

“အမုန်းမှသည်က မင်းသမီးမဟုတ်ပဲ အမုန်းမှသည်Fan Girl ဖြစ်လို့ နေပါပြီ😍😍😍”လို့ဆိုလာတဲ့ ဆောင်းဝတ်ရည်မေ

MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။

မင်းသမီးချော ဆောင်းဝတ်ရည်မေရဲ့ အိမ်နာမည်လေးကတော့ တုစိန်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက “Tusein Collection”ဆိုတဲ့ Pageလေးနဲ့ Online Shopတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ COVID ကာလအတွင်းမှာ မင်းသား၊မင်းသမီး အတော်များများကတော့ Liveလွှင့်ပြီး ဈေးရောင်းကာ စီးပွားရေး လုပ်နေကြတာကိုလည်း တွေ့လာရပါတယ်။

ခုလတ်တလောမှာတော့ MRTV 4မှာ သူမရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့ “အမုန်းမှသည်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြန်လည်ထုတ်လွှင့်ပြသပေးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ထိုဇာတ်လမ်းတွဲလေးကို သူမက Fan Girlတစ်ယောက်အနေနဲ့ အားပေးနေပုံကို “ပထမဆုံးတစ်ခေါက်စကြည့်တုန်းက ဇာတ်လမ်းက သိနေပြီးသားဆိုတော့ ကိုယ့်သရုပ်ဆောင်တာတွေပဲသေချာပြန်ကြည့်နေရလို့ ဇာတ်လမ်းကို သေချာ အာရုံစိုက်မကြည့်မိဘူး … ။ ဒုတိယတစ်ခေါက်ပြန်ကြည့်ရတော့ သရုပ်ဆောင်တာကိုပဲအရင်လို အားစိုက်ပြီး ပြန်မကြည့်တော့ဘူး တစ်ချို့ အခန်းလေးတွေဆိုမေ့ကုန်လို့ ပရိတ်သတ်တစ်ယောက်လိုမျိုးဇာတ်လမ်းကို သေချာကြည့်ပြီး ရင်ခုန်နေရတယ် ။ ဇာတ်လမ်းထဲပါတဲ့ မင်းသမီးက ကိုယ်လိုကို မမြင်တော့ဘူး ။ တစ်ခြားသူတစ်ယောက်ကို ကြည့်နေရသလို ကြည့်ပြီး.. မင်းသားနဲ့မင်သမီး Ro နေတာတို့ မတည့်တာတို့ဆို ကိုယ်ပါ ပြုံးစိပြုံးစိတွေ ဖြစ်ပြီး ကျေနပ်.. သဘောတွေကျ .. စိတ်တွေတိုနေရတာ 🥰ဥပမာ- ကိုးလ်နဲ့ ဒီနေ့ လျှောက်လည်တယ်အခန်းဆို ကိုယ်ပါကြည့်ရင်း ကျေနပ်ပြီးပျော်နေတာ 😂 စိုင်းနေရောင် က ကားမောင်းထွက်သွားတော့လဲ ကလိကလိဖြစ်လို့ စိတ်ထဲ။ “အမုန်းမှသည်က မင်းသမီးမဟုတ်ပဲ အမုန်းမှသည်Fan Girl ဖြစ်လို့ နေပါပြီ😍😍😍တတိယတစ်ခေါက်ပြန်ပြလဲ ကြည့်မှာပဲ ဒီက နေချိုသွေးလေးကတော့ 🥰”လို့ဆိုကာ သူမရဲ့ သရုပ်ဆောင်မှုတွေကို သူမကိုယ်တိုင် အားပေးမိနေကြောင်းကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Saung Wutyee May

Leave a Reply

Your email address will not be published. Required fields are marked *