“ပုံအဟောင်းလေးတွေမြင်တော့ ပြန်သတိရသား ဒီလိုခရီးလေးတွေသွားခဲ့တာကို☀️”လို့ဆိုကာ ပုဂံအညာဒေသက ပုံလေးတွေ မျှဝေပေးလာတဲ့ အခြည်လေး – Myanmar Hot News
30th March 2023

“ပုံအဟောင်းလေးတွေမြင်တော့ ပြန်သတိရသား ဒီလိုခရီးလေးတွေသွားခဲ့တာကို☀️”လို့ဆိုကာ ပုဂံအညာဒေသက ပုံလေးတွေ မျှဝေပေးလာတဲ့ အခြည်လေး

MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ နှင်းနွေဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ နာမည်ကြီးကာ လူသိများလာခဲ့ရတဲ့ သူကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက အခြည်လေးလို့ ချစ်စနိုးခေါ်ကြပါတယ်။

အခြည်လေးဟာ ပိန်သွယ်ကပ်ချပ်တဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်ရှည်ရှည်လေးကြောင့်လည်း အလှပေါ်အယဉ်ဆင့်ကာ ချစ်တဲ့သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြည်လေးက အားကစားတွေကို အဆက်မပြတ်လုပ်နေကာ အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ အခြည်လေးက “ပုံအဟောင်းလေးတွေမြင်တော့ ပြန်သတိရသား ဒီလိုခရီးလေးတွေသွားခဲ့တာကို☀️”လို့ဆိုကာ ပုဂံအညာဒေသက ပုံလေးတွေကို ပြန်လည် မျှဝေပေးလာခဲ့ပါတယ်။ အခြည်လေးရဲ့ ပုံရိပ်အဟောင်းလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nay Chi Shoon Lak

Leave a Reply

Your email address will not be published. Required fields are marked *