သူ႔ရဲ႕ Puppy‌ေလးကို နာမည္ဆန္းဆန္းေလး စဥ္းစားထားေသာ္လည္း အိမ္က လူႀကီးေတြက ေခ်ာ့ကလက္မ “လို႔ေခၚတဲ့အေၾကာင္း ေျပာျပလာတဲ့ ပိုင္တံခြန္ – Myanmar Hot News
2nd June 2023

သူ႔ရဲ႕ Puppy‌ေလးကို နာမည္ဆန္းဆန္းေလး စဥ္းစားထားေသာ္လည္း အိမ္က လူႀကီးေတြက ေခ်ာ့ကလက္မ “လို႔ေခၚတဲ့အေၾကာင္း ေျပာျပလာတဲ့ ပိုင္တံခြန္

ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံထိပါ နာမည္ေက်ာ္ကာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို ရရွိပိုင္ဆိုင္ထားတဲ့သူကေတာ့ ေမာ္ဒယ္ မင္းသားေခ်ာ ပိုင္တံခြန္ပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ ပိုင္တံခြန္က သူ႔ကိုယ္သူ တံခြန္ကလို႔ သုံးႏႈန္းကာ စကားေျပာေလ့ ရွိပါတယ္။ အၿမဲလိုလို သူနဲ႔လိုက္ဖက္တဲ့ ဆံပင္ရွည္ေလးကိုထားကာ အမိုက္စားပုံရိပ္ေလးေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။

အရပ္ရွည္ကာ သြယ္လ်ၿပီး ေတာင့္တင္းတဲ့ ခႏၵာကိုယ္၊ တက္တူးအမိုက္စားေတြကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ျဖစ္ေစခဲ့ပါတယ္။ သိပ္မၾကာေသးခင္ကလည္း သူရဲ႕ မိဘေတြကို တိုက္နဲ႔ကားေတြ ဝယ္ေပးကာ မိဘေတြေရာ ပရိတ္သတ္ေတြေရာ မ်က္ရည္က်ရေလာက္တဲ့အထိ Surpriseတိုက္ခဲ့ပါေသးတယ္။ ဒီလို လိမၼာယဥ္ေက်း စိတ္ထားေကာင္းတဲ့ သူကိုရတဲ့ မိဘေတြကေတာ့ အရမ္းကို ကံေကာင္းလြန္းပါတယ္ေနာ္။

ခုတစ္ခါမွာေတာ့ တံခြန္က “က်ေနာ့္မွာေတာ့ နာမည္ဆန္းဆန္းေလး စဥ္းစားလိုက္ရတာ အိမ္က လူႀကီးေတြ လက္ထဲလဲ ေရာက္ေရာ ေခ်ာ့ကလက္မ တဲ့တခါတခါ စိတ္ဆိုးရင္ ငမဲမ တဲ့ 🥴”လို႔ဆိုကာ သူ႔ရဲ႕ခ်စ္စရာ Puppyေလးအေၾကာင္းကို ေျပာျပလာခဲ့တာပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူ႔ရဲ႕ Puppyေလးနဲ႔အတူ ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Paing Ta Khon

(Unicode)

သူ့ရဲ့ Puppy‌လေးကို နာမည်ဆန်းဆန်းလေး စဉ်းစားထားသော်လည်း အိမ်က လူကြီးတွေက ချော့ကလက်မ “လို့ခေါ်တဲ့အကြောင်း ပြောပြလာတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံထိပါ နာမည်ကျော်ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူကတော့ မော်ဒယ် မင်းသားချော ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ မင်းသားချော ပိုင်တံခွန်က သူ့ကိုယ်သူ တံခွန်ကလို့ သုံးနှုန်းကာ စကားပြောလေ့ ရှိပါတယ်။ အမြဲလိုလို သူနဲ့လိုက်ဖက်တဲ့ ဆံပင်ရှည်လေးကိုထားကာ အမိုက်စားပုံရိပ်လေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

အရပ်ရှည်ကာ သွယ်လျပြီး တောင့်တင်းတဲ့ ခန္ဒာကိုယ်၊ တက်တူးအမိုက်စားတွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်စေခဲ့ပါတယ်။ သိပ်မကြာသေးခင်ကလည်း သူရဲ့ မိဘတွေကို တိုက်နဲ့ကားတွေ ဝယ်ပေးကာ မိဘတွေရော ပရိတ်သတ်တွေရော မျက်ရည်ကျရလောက်တဲ့အထိ Surpriseတိုက်ခဲ့ပါသေးတယ်။ ဒီလို လိမ္မာယဉ်ကျေး စိတ်ထားကောင်းတဲ့ သူကိုရတဲ့ မိဘတွေကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်။

ခုတစ်ခါမှာတော့ တံခွန်က “ကျနော့်မှာတော့ နာမည်ဆန်းဆန်းလေး စဥ်းစားလိုက်ရတာ အိမ်က လူကြီးတွေ လက်ထဲလဲ ရောက်ရော ချော့ကလက်မ တဲ့တခါတခါ စိတ်ဆိုးရင် ငမဲမ တဲ့ 🥴”လို့ဆိုကာ သူ့ရဲ့ချစ်စရာ Puppyလေးအကြောင်းကို ပြောပြလာခဲ့တာပါတယ်။ ချစ်စရာကောင်းတဲ့ သူ့ရဲ့ Puppyလေးနဲ့အတူ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Paing Ta Khon

Leave a Reply

Your email address will not be published. Required fields are marked *