ဝေဘာဂီဆေးရုံကြီးမှာ ပရိတ်သတ်တွေအတွက် အလှူလေးတစ်ခုလုပ်ခဲ့တဲ့ ရွှေနှစ်ရွှေစုံတွဲ – Myanmar Hot News
30th May 2023





Source; Shwe Hmone Yati

(Unicode)

ဝေဘာဂီဆေးရုံကြီးမှာ ပရိတ်သတ်တွေအတွက် အလှူလေးတစ်ခုလုပ်ခဲ့တဲ့ ရွှေနှစ်ရွှေစုံတွဲ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ လတ်တလောမှာ အဆိုတော်ရွှေထူးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ အခြေကျနေသူပဲ ဖြစ်ပါတယ်။ သူမဟာ တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးလာကာ ပရိတ်သတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။

မင်းသမီးချောလေး ရွှေမှုန်က သရုပ်‌ဆောင်ဘက်မှာ ထူးချွန်ရုံမက အဆိုပိုင်းမှာလည်း ထူးချွန်လာကာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူကိုယ်တိုင် ရေးပေးခဲ့တဲ့ သီချင်းသုံးပုဒ်ကတော့ အမှား၊ ချစ်တယ်နဲ့ မိုးစက်များကပြောသော တို့ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းလှတဲ့ ရွှေနှစ်ရွှေကတော့ အမြဲလိုလို ကြည်နူးပြီး Roလွန်းတဲ့ သူတို့ရဲ့ videoလေးတွေကိုလည်း မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ရွှေမှုန်က “ဒီနေ့သဲ တို့နှစ် ယောက်ရဲ့ပရိတ်သတ်တွေအတွက် အလှူလေးတစ်ခုလုပ်ထားပါတယ် ❤️🙏🏻🙏🏻🙏🏻ဝေဘာဂီဆေးရုံ ကြီးမှာ❤️ညနေစာအတွက် ဘဲကင် နှင့် ပုဇွန်ထမင်းကြော် ❤️❤️ဘူး၂၀၀ ကို လှူတန်းထားပါတယ် 🙏🏻❤️လှိုင်သာယာကလေးတွေအတွက် ဘူး ၅၀❤️နာရေးကူညီမှုအသင်းရန်ကုန် အတွက် ဘူး ၅၀၊ ထမင်းဘူး၃၀၀လှုတန်းထားပါတယ်ရှင်။ အားလုံးသာဓုခေါ်နိုင်ကြပါစေ🙏🏻🙏🏻🙏🏻❤️အစစ အရာရာ လိုလေသေ့မရှိအောင်ကူညီစီစဉ်ပေးတဲ့❤️မမေသူကိုကျေးဇူးများကြီးတင်ပါတယ်အမရေ🙏🏻”လို့ဆိုကာ ကုသိုလ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Shwe Hmone Yati

Leave a Reply

Your email address will not be published. Required fields are marked *