ချစ်စရာကောင်းလှတဲ့ ငယ်ဘဝကပုံရိပ်လေးတွေကို ချပြလာတဲ့ ပိုင်ဖြိုးသု – Myanmar Hot News
25th March 2023





Source – Paing Phyo Thu

(Unicode)

ချစ်စရာကောင်းလှတဲ့ ငယ်ဘဝကပုံရိပ်လေးတွေကို ချပြလာတဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ ပိုင်ဖြိုးသုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သုသုတော့ အခုလို ကိုဗစ်ကာလမှာ အနုပညာလှုပ်ရှားမှုတွေမရှိဖြစ်နေပေမဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်အောင် သူ့ရဲ့နေ့စဉ်ပြုလုပ်မှုတွေထဲကနေ အမှတ်တရဖြစ်စရာလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလေ့ရှိပါတယ်။

ဒီနေ့မှာလည်း သုသုက ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူ့ရဲ့ငယ်ဘဝကရိုက်ကူးထားတဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြလာခဲ့ပါတယ်။ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှတဲ့ ငယ်ဘဝပုံလေးတွေကို အမှတ်တရအနေနဲ့ သုသုက သူ့ရဲ့ချစ်ရတဲ့ ပရိသတ်တွေအတွက်ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သုသုရဲ့ပုံလေးတွေကို ကြည့်ပြီး သဘောကျနေကြပါသေးတယ်။

မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ ချစ်စရာကောင်းလှတဲ့ ငယ်ဘဝပုံလေးတွေကို တွေ့ရင် သဘောကျပြီး အချစ်ပိုသွားမှာကတော့ အသေအချာပါပဲ။ ပရိသတ်ကြီးတွေလည်း သုသုရဲ့ ငယ်ဘဝပုံလေးတွေကို ကြည့်ရှုလို့ရအောင် တစ်ဆင့်ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Paing Phyo Thu

Leave a Reply

Your email address will not be published. Required fields are marked *