အဆိုေတာ္ ေနဝင္းကေတာ့ ဂီတေလာကရဲ႕ လူႀကိဳက္မ်ားေအာင္ျမင္ေနတဲ့ အထင္ကရ အဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။ ပင္ကိုယ္စတိုင္၊ပင္ကိုယ္ဆိုဟန္ေတြနဲ႔ သီခ်င္းေကာင္းေတြကို ကိုယ္တိုင္ေရးစပ္သီဆိုတတ္တာေၾကာင့္ လူငယ္ေတြၾကား ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။ Hip Hop နဲ႔ Rap ဂီတကို ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုႏိုင္တာ ေနဝင္းက Snare အဖြဲ႕ဝင္အျဖစ္ မသိသူမရွိေလာက္ေအာင္ ေက်ာ္ၾကားေနဆဲ ျဖစ္ပါတယ္။


ေနဝင္းရဲ႕ “သူမနဲ႔အိပ္မက္” ၊ “အမုန္းၿမိဳ႕သူ” နဲ႔ စတဲ့သီခ်င္းေလးေတြက ထြက္ရွိခဲ့တာၾကာၿပီဆိုေပမယ့္ ပရိသတ္ေတြၾကားမွာေတာ့ ခုထိေခတ္စားေနဆဲ ျဖစ္ပါတယ္။ အခ်စ္ေရးဘက္မွာလည္း ေနဝင္းအေနနဲ႔ ေကာင္မေလးအေပၚ အရမ္းခ်စ္တဲ့အေၾကာင္းေတြကို မၾကာခဏ သီခ်င္းဖြဲ႕ေလ့ရွိၿပီး အရမ္းလည္းဂ႐ုစိုက္ခ်စ္တတ္တာေၾကာင့္ပရိသတ္ေတြအားက်ခ်စ္ခင္ေနရတဲ့ စုံတြဲေလးလည္းျဖစ္ပါတယ္။



ေနဝင္းကေတာ့ သူရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးကို ေဖ့ဘြတ္စာမ်က္ႏွာေပၚတြင္ အၿမဲေဖာ္ျပေလ့ရွိတာလည္းေတြ႕ရပါတယ္။အခုလည္း သီတင္းကြၽတ္မွာ အလိုက္တသိနဲ႔ ကန္ေတာ့ခဲ့တဲ့ ခ်စ္ဇနီးေလးကို သေဘာေတြက်ကာ ၾကည္ႏူးပီတိျဖစ္ၿပီး ဗီဒီယိုေလး႐ိုက္ကာေဖာ္ျပခဲ့တာေတြ႕ရပါတယ္ ။ ဗီဒီယိုေလးၾကည့္ၿပီး အေပ်ာ္ေတြကူးစက္ကာ ၾကည္ႏူးမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္လည္း မွ်ေဝေပးလိုက္ပါတယ္ ။
photo – Nay Win
(Unicode)
ချစ်ဇနီးလေးရဲ့ သိတတ်မှုလေးတစ်ခုကြောင့် အတိုင်းမသိ ဝမ်းသာကြည်နူးပီတိဖြစ်ခဲ့ရတဲ့ နေဝင်း
အဆိုတော် နေဝင်းကတော့ ဂီတလောကရဲ့ လူကြိုက်များအောင်မြင်နေတဲ့ အထင်ကရ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ပင်ကိုယ်စတိုင်၊ပင်ကိုယ်ဆိုဟန်တွေနဲ့ သီချင်းကောင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုတတ်တာကြောင့် လူငယ်တွေကြား ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ Hip Hop နဲ့ Rap ဂီတကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာ နေဝင်းက Snare အဖွဲ့ဝင်အဖြစ် မသိသူမရှိလောက်အောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။
နေဝင်းရဲ့ “သူမနဲ့အိပ်မက်” ၊ “အမုန်းမြို့သူ” နဲ့ စတဲ့သီချင်းလေးတွေက ထွက်ရှိခဲ့တာကြာပြီဆိုပေမယ့် ပရိသတ်တွေကြားမှာတော့ ခုထိခေတ်စားနေဆဲ ဖြစ်ပါတယ်။ အချစ်ရေးဘက်မှာလည်း နေဝင်းအနေနဲ့ ကောင်မလေးအပေါ် အရမ်းချစ်တဲ့အကြောင်းတွေကို မကြာခဏ သီချင်းဖွဲ့လေ့ရှိပြီး အရမ်းလည်းဂရုစိုက်ချစ်တတ်တာကြောင့်ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။
နေဝင်းကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုလည်း သီတင်းကျွတ်မှာ အလိုက်တသိနဲ့ ကန်တော့ခဲ့တဲ့ ချစ်ဇနီးလေးကို သဘောတွေကျကာ ကြည်နူးပီတိဖြစ်ပြီး ဗီဒီယိုလေးရိုက်ကာဖော်ပြခဲ့တာတွေ့ရပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး အပျော်တွေကူးစက်ကာ ကြည်နူးမိတာကြောင့် ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ် ။
photo – Nay Win