






Source:Bhone Hlyan
(Unicode)
(၃၈)နှစ်ပြည့်မွေးနေ့မှာပဲငယ်ချစ်ဦးနဲ့အတူ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တဲ့ ဘုန်းလျှံ
နိုဝင်ဘာ(၆) ရက်နေ့ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဘုန်းလျှံရဲ့အသက်(၃၈)နှစ်ပြည့်မွေးနေရက်မြတ်လေးပဲဖြစ်ပါတယ်။ ဘုန်းလျှံကတော့ သူ့ရဲ့မွေးနေ့မှာပဲ ချစ်သူဖြစ်တဲ့မမေသင်းမောင်နှင့်အတူ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ရန်ကုန်၊အရှေ့ပိုင်းခရိုင်တရားရုံးမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
သူတို့နှစ်ယောက်ကတော့ မကြာသေးခင်ကမှစေ့စပ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ်လ(၂၆)ရက်နေ့ကလည်း Aroma Studio မှာ Pre Wedding ရိုက်ကူးခဲ့ပါသေးတယ်။ ဒီနေ့တော့နှစ်ဦးသဘောတူအများရှေ့မှောက်မှာ တရားဝင်လက်မှတ်ရေးထိုးလိုက်ကြတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ ဘုန်းလျှံကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Liveလွှင့်ပြီး တင်ထားခဲ့တာပဲဖြစ်ပါတယ်။
ဘုန်းလျှံတို့စုံတွဲလေးကတော့ ရှေ့သွားနောက်လိုက်ညီပြီး နေနဲ့လရွှေနဲ့မြလိုလိုက်ဖက်ညီလှပါတယ်။ သူတို့စုံတွဲလေးရဲ့ကြည်နူးစရာ ပုံလေးကိုကြည့်ပြီးပရိသတ်တွေကလည်းသဘောကျနှစ်သက်နေကြပါတယ်။ မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် …
Source:Bhone Hlyan