အနုပညာကြေးလေးတွေနဲ့ ဧရာဝတီစင်တာမှာလိုအပ်နေတဲ့ Oxygen Concentratorစက်(၃)လုံးကို လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ် – Myanmar Hot News
31st May 2023






(Unicode)

အနုပညာကြေးလေးတွေနဲ့ ဧရာဝတီစင်တာမှာလိုအပ်နေတဲ့ Oxygen Concentratorစက်(၃)လုံးကို လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ မြန်မာသံစဉ်လေးတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ သူမဟာငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် ရိုးသားကြိုးစားမှုတွေကြောင့် အချိန်တိုတိုနဲ့ပဲပရိသတ်အားပေးဝန်းရံမှုကိုလက်ခံရရှိနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့မေလသံစဉ်က ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ရပြီး အွန်လိုင်းမှတစ်ဆင့်ဈေးတွေကိုရောင်းချပေးလျက်ရှိပါတယ်။

ယခုလိုအွန်လိုင်းမှာတစ်ဆင့်ရရှိခဲ့တဲ့ အနုပညာကြေးလေးတွေကိုလည်းကိုဗစ်နဲ့ ပတ်သက်ပြီးလိုအပ်တဲ့နေရာတွေမှာလှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။ မကြာသေးခင်အချိန်ကလည်း ကိုဗစ်ကာလမို့စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်များကိုလှူဒါန်းပေးခဲ့ပါသေးတယ်။ လက်ရှိမှာလည်း Live လွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးလေးတွေနဲ့ရွှေသမီး စိန်ရွှေရတနာဆိုင်တို့ပူးပေါင်းပြီး

ဧရာဝတီဖောင်ဒေးရှင်းCovid-19 ကုသရေးမှာလိုအပ်နေတဲ့ Oxygen Concentrator စက် -3 လုံး (တန်ဖိုးငွေကျပ်၂၂ သိန်း ၈သောင်း)ကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့ မေလသံစဉ်ကအလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပြီး အဆိုပါပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:မေလသံစဉ် May Melody

Leave a Reply

Your email address will not be published. Required fields are marked *