ပရိသတ္ႀကီးေရ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ ဒီဇိုင္းနာေလာကမွာ တကယ္ကိုပဲသူမတူေအာင္ ေအာင္ျမင္တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိလူပ်ိဳႀကီးအေနနဲ႔ မိခင္ႀကီးကို လုပ္ေကြၽးေနၿပီး အလႉအတန္းေတြကို တတ္ႏိုင္သေလာက္ အစြမ္းကုန္ျပဳလုပ္ေနတာေၾကာင့္ ပရိသတ္ေတြက မ်ိဳးမင္းစိုးကို အခ်စ္ပိုေနၾကတာလို႔ေတာင္ ဆိုရမွာပါ။



ဒီေန႔မွာလည္း ဒီဇိုင္နာမ်ိဳးမင္းစိုးက မိခင္ႀကီးကို သီတင္းကြၽတ္ဂါရဝါျပဳကန္ေတာ့တဲ့ အေနနဲ႔ မိခင္ႀကီးလိုအပ္တာေတြသုံးႏိုင္ဖို႔ ပိုက္ဆံနဲ႔ မိခင္ႀကီးစားဖို႔အတြက္ မုန႔္ေတြ နဲကအတူကန္ေတာ့ခဲ့တာပဲျဖစ္ပါတယ္။ “ဒီေန႔မွက်န္ေတာ့္ေမေမကိုသီတင္းကြၽတ္ကန္ေတာ့ျဖစ္ေတာ့တယ္။ေမြးထုတ္ေပးခဲ့တဲ့အေမဆိုလည္း ဟုတ္။စက္ခ်ဳပ္အသက္ေမြးပညာလည္းသင္ေပးခဲ့တဲ့လက္ဦးဆရာလည္းျဖစ္တဲ့ ေမေမ အသက္ရွည္ က်န္းမာပါေစ။




အေမကိုအခ်ိန္ၾကာႀကီး လုပ္ေကြၽးျပဳစုခြင့္ရႏိုင္တဲ့သားတေယာက္ျဖစ္ပါရေစ”လို႔လည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားပါေသးတယ္။ပရိသတ္ေတြကေတာ့ မ်ိဳးမင္းစိုးရဲ႕ မိဘအေပၚ သိတတ္လိမၼာလြန္းလွတဲ့ စိတ္ဓာတ္နဲ႔ လုပ္ရက္ေလးကို ခ်ီးက်ဴးေၾကာင္းမွတ္ခ်က္ေပးေျပာဆိုေနၾကပါေသးတယ္။ မ်ိဳးမင္းစိုးရဲ႕လုပ္ရက္ေလးကလည္း တကယ္ကိုမွ ခ်ီးက်ဴးအတုယူထိုက္တဲ့ လုပ္ရက္ေလးျဖစ္တာေတာ့ အမွန္ပါပဲေနာ္။
Source – Myo Min Soe
(Unicode)
မိခင်ကြီးကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့ မျိုးမင်းစိုး
ပရိသတ်ကြီးရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာလောကမှာ တကယ်ကိုပဲသူမတူအောင် အောင်မြင်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိလူပျိုကြီးအနေနဲ့ မိခင်ကြီးကို လုပ်ကျွေးနေပြီး အလှူအတန်းတွေကို တတ်နိုင်သလောက် အစွမ်းကုန်ပြုလုပ်နေတာကြောင့် ပရိသတ်တွေက မျိုးမင်းစိုးကို အချစ်ပိုနေကြတာလို့တောင် ဆိုရမှာပါ။
ဒီနေ့မှာလည်း ဒီဇိုင်နာမျိုးမင်းစိုးက မိခင်ကြီးကို သီတင်းကျွတ်ဂါရဝါပြုကန်တော့တဲ့ အနေနဲ့ မိခင်ကြီးလိုအပ်တာတွေသုံးနိုင်ဖို့ ပိုက်ဆံနဲ့ မိခင်ကြီးစားဖို့အတွက် မုန့်တွေ နဲကအတူကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ “ဒီနေ့မှကျန်တော့်မေမေကိုသီတင်းကျွတ်ကန်တော့ဖြစ်တော့တယ်။မွေးထုတ်ပေးခဲ့တဲ့အမေဆိုလည်း ဟုတ်။စက်ချုပ်အသက်မွေးပညာလည်းသင်ပေးခဲ့တဲ့လက်ဦးဆရာလည်းဖြစ်တဲ့ မေမေ အသက်ရှည် ကျန်းမာပါစေ။
အမေကိုအချိန်ကြာကြီး လုပ်ကျွေးပြုစုခွင့်ရနိုင်တဲ့သားတယောက်ဖြစ်ပါရစေ”လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါသေးတယ်။ပရိသတ်တွေကတော့ မျိုးမင်းစိုးရဲ့ မိဘအပေါ် သိတတ်လိမ္မာလွန်းလှတဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်လေးကို ချီးကျူးကြောင်းမှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ မျိုးမင်းစိုးရဲ့လုပ်ရက်လေးကလည်း တကယ်ကိုမှ ချီးကျူးအတုယူထိုက်တဲ့ လုပ်ရက်လေးဖြစ်တာတော့ အမှန်ပါပဲနော်။
Source – Myo Min Soe