ေဆး႐ုံကဆင္းၿပီး စနစ္တက်အိမ္မွာ ကြာရာတင္း (၇)ရက္ဝင္ေနတဲ့ ဦးေက်ာ္သူ – Myanmar Hot News
31st May 2023

ေဆး႐ုံကဆင္းၿပီး စနစ္တက်အိမ္မွာ ကြာရာတင္း (၇)ရက္ဝင္ေနတဲ့ ဦးေက်ာ္သူ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ပရဟိတမင္းသားႀကီး ဦးေက်ာ္သူကေတာ့ မၾကာေသးခင္အခ်ိန္ကကိုဗစ္ကူးစက္ခံရၿပီး ေဆး႐ုံမွာ ေဆးကုသမႈခံယူၿပီး ေရာဂါေပ်ာက္ကင္းသြားၿပီပဲျဖစ္ပါတယ္။လက္ရွမွာေတာ့ ပရိသတ္အခ်စ္ေတာ္ဦးေက်ာ္သူက ေဆး႐ုံကဆင္းၿပီး ေနအိမ္မွာ အိမ္သားေတြနဲကခြဲၿပီး ကြာရာတင္း(၇)ရက္ဝင္ေနပါတယ္။

ဒီေန႔မွာေတာ့ ဦးေက်ာ္သူက ေရာဂါေပ်ာက္ကင္းလို႔ေဆး႐ုံကဆင္းလာေပမဲ့ ေနအိမ္မွာ ကြာရာတင္းဝင္ေရာက္ေနခဲ့တဲ့ အေၾကာင္း ” ေခါင္းေလာင္းတီး၍ ေခၚရသည္။ကိုဗစ္ကိုေက်ာ္လႊားျဖတ္သန္းၿပီးေနာက္ ေဝဘာဂီေဆး႐ုံမွ ေနအိမ္အေရာက္ သီးသန႔္မိမိ၏အိပ္ခန္းတြင္းမွာေျခကုတ္ ယူကာ အခန္းတြင္းေနထိုင္စားေသာက္၊တရားဘာဝနာပြား၊အဓိ႒ာန္ဝင္ျခင္း၊ေမတၱာပို႔ျခင္းမ်ားအား အခန္းေအာင္း၍ ျပဳလုပ္ကာ လိုအပ္သည္မ်ားကို အခန္း၏ေဘးဖက္ျပတင္းေပါက္မွ ငယ္စဥ္ကအသုံးျပဳခဲ့ေသာေခါင္းေလာင္းေလးအားတီးခတ္ကာ ဤသို႔ဤ ပုံေတာင္းခံရပါသည္။”ဆိုၿပီး

အခန္းထဲမွာ တစ္ေယာက္တည္းခြဲေနၿပီး လိုအပ္တာေတြရွိလာမွာ ေခါင္းေလာင္းေလးတီးၿပီး ေခၚယူကာ စနစ္တက်ေနထိုင္ေနေၾကာင္း မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ဦးေက်ာ္သူကေတာ့ အိမ္မွာ (၇)ရက္ကြာရာတင္းဝင္ေနတုန္း အက်ိဳးရွိေအာင္ အဓိ႒ာန္ဝင္ေရာက္ေနခဲ့ပါတယ္တဲ့။

Source – Kyaw Thu

(Unicode)

ဆေးရုံကဆင်းပြီး စနစ်တကျအိမ်မှာ ကွာရာတင်း (၇)ရက်ဝင်နေတဲ့ ဦးကျော်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ မကြာသေးခင်အချိန်ကကိုဗစ်ကူးစက်ခံရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ရောဂါပျောက်ကင်းသွားပြီပဲဖြစ်ပါတယ်။လက်ရှမှာတော့ ပရိသတ်အချစ်တော်ဦးကျော်သူက ဆေးရုံကဆင်းပြီး နေအိမ်မှာ အိမ်သားတွေနဲကခွဲပြီး ကွာရာတင်း(၇)ရက်ဝင်နေပါတယ်။

ဒီနေ့မှာတော့ ဦးကျော်သူက ရောဂါပျောက်ကင်းလို့ဆေးရုံကဆင်းလာပေမဲ့ နေအိမ်မှာ ကွာရာတင်းဝင်ရောက်နေခဲ့တဲ့ အကြောင်း ” ခေါင်းလောင်းတီး၍ ခေါ်ရသည်။ကိုဗစ်ကိုကျော်လွှားဖြတ်သန်းပြီးနောက် ဝေဘာဂီဆေးရုံမှ နေအိမ်အရောက် သီးသန့်မိမိ၏အိပ်ခန်းတွင်းမှာခြေကုတ် ယူကာ အခန်းတွင်းနေထိုင်စားသောက်၊တရားဘာဝနာပွား၊အဓိဋ္ဌာန်ဝင်ခြင်း၊မေတ္တာပို့ခြင်းများအား အခန်းအောင်း၍ ပြုလုပ်ကာ လိုအပ်သည်များကို အခန်း၏ဘေးဖက်ပြတင်းပေါက်မှ ငယ်စဉ်ကအသုံးပြုခဲ့သောခေါင်းလောင်းလေးအားတီးခတ်ကာ ဤသို့ဤ ပုံတောင်းခံရပါသည်။”ဆိုပြီး

အခန်းထဲမှာ တစ်ယောက်တည်းခွဲနေပြီး လိုအပ်တာတွေရှိလာမှာ ခေါင်းလောင်းလေးတီးပြီး ခေါ်ယူကာ စနစ်တကျနေထိုင်နေကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ဦးကျော်သူကတော့ အိမ်မှာ (၇)ရက်ကွာရာတင်းဝင်နေတုန်း အကျိုးရှိအောင် အဓိဋ္ဌာန်ဝင်ရောက်နေခဲ့ပါတယ်တဲ့။

Source – Kyaw Thu

Leave a Reply

Your email address will not be published. Required fields are marked *