







photo – Khin Thin Kyi
(Unicode)
မေတ္တာသင်္ဂဟအဖွဲ့ရဲ့ စုပေါင်းကထိန်အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အမှတ်တရပုံလေးတွေတင်လိုက်တဲ့ ခိုင်သင်းကြည်
သရုပ်ဆောင်လည်းကောင်းပြီး ပရိသတ်တွေအပေါ်မှာ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ကိုတော့ အားလုံးက ခုချိန်ထိချစ်ခင်နေရတာပါနော် ။ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မခိုင်လေးက အချိန်အတော်ကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းအောင်မြင်နေတာ ယနေ့ထိတိုင်ပါပဲ ။
မခိုင်လေးက အနုပညာဘက်မှာ ထူးချွန်သလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူလေးလည်းဖြစ်ပါတယ် ။မိသားစုအပေါ်မှာ တန်ဖိုးထားတတ်တဲ့ မခိုင်လေးက ချစ်ခင်ပွန်းနဲ့သမီးလေးကို ဂရုစိုက်သလို သူမရဲ့မိဘနှစ်ပါးကိုလည်း ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။
အခုမှာတော့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ စုပေါင်းကထိန်အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အမှတ်တရပုံလေးတွေဖေ့ဘွတ်စာမျက်နှာလေးမှာဖော်ပြခဲ့ပါတယ်။ အလှူပုံလေးတွေကြည့်ပြီး ကြည်နူးမိတာအမှန်ပါပဲ မခိုင်လေးကတော့ အလှူအတန်းဆိုရင်လည်း အမြဲပါဝင်တတ်သူဖြစ်ပါတယ် ။မခိုင်လေးရဲ့ အလှူပုံလေးတွေကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
photo – Khin Thin Kyi