သူ့ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေလာတဲ့ စိုင်းစိုင်း – Myanmar Hot News
31st May 2023






(Unicode)

သူ့ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေလာတဲ့ စိုင်းစိုင်း

ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံမှာ ပရိသတ်တွေရဲ့အာပေးချစ်ခင်မှုကို အရရှိဆုံးနဲ့ အောင်မြင်မှုကို အထိန်းသိမ်းထားနိုင်ဆုံး အနုပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းက သူ့ရဲ့ “မူလလက်ဟောင်း စိုင်းစိုင်း” ဆိုတဲ့ တေးစီးရီး အယ်လ်ဘမ်လေး ထွက်ရှိလာဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။

အခုလိုကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့ ထိတွေ့ခွင့်မရှိဖြစ်နေချိန်မှာတောင် စိုင်းစိုင်းက သူ့ရဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားရလေအောင် သီချင်းတွေကို ဖန်တီးနေခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားဖန်တီးမှုကြောင့် သူ့ရဲ့ “မူလလက်ဟောင်းစိုင်းစိုင်း” ဆိုတဲ့ တေးအယ်လ်ဘမ်လေးကမကြာခင်အချိန်မှာ ပရိသတ်တွေဆီကို ရောက်ရှိလာပါတော့မယ်။

စိုင်းစိုင်းက သူ့ရဲ့ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို ဒီနေ့မှာပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။ စိုင်းစိုင်းရဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကိုမျှ ပျော်ရွှင်ရမယ့် သတင်းကောင်းလေးဖြစ်တာမို့ ပရိသတ်ကြီးတွေထဲက စိုင်းစိုင်းရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Sai Sai Kham Leng

Leave a Reply

Your email address will not be published. Required fields are marked *