





photo – Shwe Mhone Yati
(Unicode)
Anniversary နေ့လေးမှာ သူကိုယ်တိုင်တောင်မသိဘဲ ချစ်ခင်ပွန်းရဲ့ Suprise လေးတစ်ခုကြောင့် အတိုင်းမသိပျော်ရွှင်ခဲ့ရတဲ့ ရွှေမှုန်ရတီ
လက်ရှိမှာ ပရိသတ်တွေ အားကျနေရတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးကတော့ ရွှေမှုန်ရတီပါပဲနော်။ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးကလည်း သူမကိုအမြဲတမ်းအလိုလိုက်ပြီး နားလည်မှုယုံကြည်မှုတွေအပြည့်နဲ့ ချစ်ပေးနေတဲ့အတွက် သူမဘဝလေးက ပြီးပြည့်စုံနေခဲ့ရပါတယ်နော်။ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အလွန်လိုက်ဖက်နေတာလည်းဖြစ်ပါတယ်နော်။
အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့ချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားလုပ်နေကြတုန်းပါပဲ။ ဒါ့အပြင် သာယာတဲ့ အိမ်ထောင်ရေးလေးကိုလည်း နှစ်ယောက်သား လက်တွဲခိုင်ခိုင်နဲ့ဖန်တီးတည်ဆောက်ထားကြပြီးတော့ ပရိသတ်တွေကြားမှာရေပန်းစားတဲ့ ဆယ်လီစုံတွဲလေးဖြစ်လို့နေခဲ့ပါတယ် ။
ဒီနေ့လေးကတော့ သူတို့ဇနီးမောင်နှံရဲ့ ၂ နှစ်ပြည့် Anniversary လေးပဲဖြစ်ရာ ရွှေထူးဖြစ်သူက ချစ်ဇနီးမသိအောင်အရမ်းလှတဲ့ ကိတ်မုန့်လေးကို လက်ဆောင်ပေးခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်ခဲ့ရကြောင်း ရွှေမှုန်လေးရဲ့အကောင့်မှာဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။အမြဲကို ရိုမန့်တစ်ဆန်လွန်းတဲ့ ရွှေထူးရဲ့ အချစ်တွေကတော့ လေးစားအားကျစရာကောင်းတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
photo – Shwe Mhone Yati