






Source:Swan Zarni
(Unicode)
မိဘမဲ့ဂေဟာတွေမှာ တတ်နိုင်သလောက်သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ စွမ်းဇာနည်
စွမ်းဇာနည်ကတော့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိခဲ့တဲ့မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုလက်ခံရရှိထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့စွမ်းဇာနည်ဟာ သရုပ်ဆောင်အလုပ်တွေကိုရပ်နားပြီး “စွမ်း” ဇာတ်သဘင်မှာခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ မြန်မာပြည်မှာနာမည်ကြီးခဲ့ပါတယ်။
လတ်တလောမှာတော့မင်းသားချောစွမ်းဇာနည်က အာရုံကြောမကောင်းလို့မေ့တတ်တဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုခဏတာရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ပရိသတ်တွေအတွက် အွန်လိုင်းကတစ်ဆင့်Liveလွှင့်ပြီးသီချင်းလေးတွေနဲ့ဖျော်ဖြေပေးလေ့ရှိပါတယ်။ ဒါ့အပြင်သူ့ရဲ့ချောမောခန့်ညားတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေအမြဲဖော်ပြပေးလေ့ရှိပါတယ်။
ဒီနေ့မှာတော့စွမ်းဇာနည်က မိဘမဲ့ဂေဟာတွေမှာတတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ သူ့ရဲ့အလှူအကြောင်းလေးကိုတော့”ဒီနေ့မိသားစုနဲ့ အလှူ”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ စွမ်းဇာနည်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source:Swan Zarni