ခမ္းနားလြန္းတဲ့အိမ္ႀကီးမွာ ကိုယ္ပိုင္စီးပြားေရးအျဖစ္နဲ႔ အထည္ဆိုင္ေလးဖြင့္လွစ္လိုက္ၿပီျဖစ္တဲ့ ေဘဘီေမာင္ – Myanmar Hot News
30th May 2023

ခမ္းနားလြန္းတဲ့အိမ္ႀကီးမွာ ကိုယ္ပိုင္စီးပြားေရးအျဖစ္နဲ႔ အထည္ဆိုင္ေလးဖြင့္လွစ္လိုက္ၿပီျဖစ္တဲ့ ေဘဘီေမာင္

မိသားစုကိုသိပ္ခ်စ္လြန္းလို႔ အားလုံးကိုတင့္ေတာင့္တင့္တယ္ထားႏိုင္ဖို႔အတြက္ အလုပ္ေတြႀကိဳးစားေနတဲ့ေဘဘီတစ္ေယာက္ သူမရဲ႕ေျခလွမ္းသစ္အျဖစ္နဲ႔ ကိုယ္ပိုင္အထည္ဆိုင္ေလးကို အိမ္မွာဖြင့္လွစ္လိုက္ၿပီပဲျဖစ္ပါတယ္။ အရင္တုန္းက အြန္လိုင္းေရွာ့အေနနဲ႔ Live လႊင့္ၿပီးေရာင္းခ်ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ဆိုင္ခန္းေလးကို သပ္သပ္ရပ္ရပ္ျပင္ဆင္ၿပီး ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြကိုလည္း မရပ္နားတဲ့အျပင္ ကိုယ္တတ္ႏိုင္တဲ့ဖက္က စီးပြားေရးေလး တစ္ခုကိုလည္း အေျခက်ေအာင္ လုပ္ကိုင္ႏိုင္ခဲ့ပါေသးတယ္။ အမႀကီးအမိရာတာဝန္ကိုေက်တဲ့ အျပင္ သမီးအႀကီးဆုံးမို႔ အိမ္ရဲ႕တာဝန္ကိုအျပည့္အဝယူၿပီး ငယ္စဥ္ကတည္းက ေကြၽးေမြးျပဳစုလာတဲ့မိဘေတြကို တစ္လွည့္တစ္ျပန္ ေကာင္းက်ိဳးျပန္ျပဳခဲ့ပါတယ္။

အားလုံးအေပၚမွာေစတနာထားတာေၾကာင့္ သူမအေပၚမွာလည္း ေမတၱာစစ္နဲ႔ခ်စ္ခင္တဲ့ ခ်စ္သူေကာင္ေလးကိုပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ႏွစ္ေယာက္သားရဲ႕အခ်စ္ေရးဟာလည္း သာယာေပ်ာ္႐ႊင္ေနၿပီး ေဘဘီလည္းအရမ္းကိုစိတ္ခ်မ္းသာေနခဲ့ပါတယ္။ သူမရဲ႕ စီးပြားအသစ္ေလးကို ” အိုးမကြာအိမ္မကြာေလး တပိုင္တႏိုင္စီးပြားေရး အျမည္းေလးပါ မွာထားတဲ့ပစၥည္းေတြ ဒင္းျပည့္က်ပ္ျပည့္ ထည့္ဖို႔က်န္ေသးတယ္ ငဗစ္အေျခေနေၾကာင့္ မဖြင့္ေသး အေျခေနေကာင္းရင္ ဆိုင္ဖြင့္ပြဲေလးလုပ္မယ္ေနာ္ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

Photo – Baby Maung

(Unicode)

ခမ်းနားလွန်းတဲ့အိမ်ကြီးမှာ ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ အထည်ဆိုင်လေးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဘေဘီမောင်

မိသားစုကိုသိပ်ချစ်လွန်းလို့ အားလုံးကိုတင့်တောင့်တင့်တယ်ထားနိုင်ဖို့အတွက် အလုပ်တွေကြိုးစားနေတဲ့ဘေဘီတစ်ယောက် သူမရဲ့ခြေလှမ်းသစ်အဖြစ်နဲ့ ကိုယ်ပိုင်အထည်ဆိုင်လေးကို အိမ်မှာဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ အရင်တုန်းက အွန်လိုင်းရှော့အနေနဲ့ Live လွှင့်ပြီးရောင်းချခဲ့ပေမယ့် အခုချိန်မှာတော့ ဆိုင်ခန်းလေးကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ရောင်းချတော့မှာဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုလည်း မရပ်နားတဲ့အပြင် ကိုယ်တတ်နိုင်တဲ့ဖက်က စီးပွားရေးလေး တစ်ခုကိုလည်း အခြေကျအောင် လုပ်ကိုင်နိုင်ခဲ့ပါသေးတယ်။ အမကြီးအမိရာတာဝန်ကိုကျေတဲ့ အပြင် သမီးအကြီးဆုံးမို့ အိမ်ရဲ့တာဝန်ကိုအပြည့်အဝယူပြီး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုလာတဲ့မိဘတွေကို တစ်လှည့်တစ်ပြန် ကောင်းကျိုးပြန်ပြုခဲ့ပါတယ်။

အားလုံးအပေါ်မှာစေတနာထားတာကြောင့် သူမအပေါ်မှာလည်း မေတ္တာစစ်နဲ့ချစ်ခင်တဲ့ ချစ်သူကောင်လေးကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်သားရဲ့အချစ်ရေးဟာလည်း သာယာပျော်ရွှင်နေပြီး ဘေဘီလည်းအရမ်းကိုစိတ်ချမ်းသာနေခဲ့ပါတယ်။ သူမရဲ့ စီးပွားအသစ်လေးကို ” အိုးမကွာအိမ်မကွာလေး တပိုင်တနိုင်စီးပွားရေး အမြည်းလေးပါ မှာထားတဲ့ပစ္စည်းတွေ ဒင်းပြည့်ကျပ်ပြည့် ထည့်ဖို့ကျန်သေးတယ် ငဗစ်အခြေနေကြောင့် မဖွင့်သေး အခြေနေကောင်းရင် ဆိုင်ဖွင့်ပွဲလေးလုပ်မယ်နော် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

Photo – Baby Maung

Leave a Reply

Your email address will not be published. Required fields are marked *