







Photo – Baby Maung
(Unicode)
အခက်အခဲတွေကနေ ပိုကောင်းလာတာတွေဖြစ်တတ်တာမို့ ဘဝကြီးခက်ခဲလာလေ ပိုကြိုက်လေပဲဆိုတဲ့ ဘေဘီမောင်
မိသားစုအတွက် မားမားမတ်မတ်ရပ်တည်ပေးတဲ့ အမကြီးအမိရာပီသသူဘေဘီတစ်ယောက် ဘဝမှာအခက်အခဲတွေကြုံလာတိုင်း ဒီအခက်အခဲတွေကို ကျော်လွန်နိုင်ခဲ့ပြီး လက်ရှိမှာတော့ အဆင်ပြေသာယာတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတိုင်းကို သဘောကျပြီး ဒီအခက်အခဲတွေပြီးရင် ပိုကောင်းတာတွေဖြစ်လာမယ် ဆိုတာ သူမကယုံကြည်နေခဲ့ပါတယ်။
မုန်တိုင်းပြီးရင် လေပြည်လာမယ်ဆိုတဲ့စကားလေးအတိုင်းပဲ ကောင်းတာလုပ်တဲ့သူအတွက် ကောင်းကျိုးဆိုတာခံစားရစမြဲပါပဲ။ မိဘအပေါ်မှာလည်းသိတတ်သလို မောင်နှမတွေအပေါ်လည်း အမကြီးတာဝန်ကျေလွန်းတဲ့ ဘေဘီဟာ သူများအပေါ်မှာ စိတ်စေတနာကောင်းထားတာမို့ သူမကိုလည်း တန်ဖိုးထားပြီးချစ်ခင်တဲ့ လက်တွဲဖော်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒီနေ့မှာလည်း မြန်မာဆန်ဆန်လေးနဲ့ အရမ်းလှနေတဲ့ သူမအတွက် ချစ်သူကဓာတ်ဖမ်းပေးထား တဲ့ ပုံရိပ်လေးတွေကို ” ဘဝကခက်ခဲ လာရင် ကျမပိုကြိုက်တယ် ဘာလို့လဲဆိုတော့ ပိုကောင်းတဲ့ အရာတွေလာတော့မှာမို့လို့ပါ ” ဆိုပြီး သူမရဲ့အတွေ့အကြုံလေးတွေနဲ့ ယှဉ်ပြီး ရေးသားခဲ့ပါ တယ်။ လှချင်တိုင်းလှလွန်းနေတသူလေးရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်။
Photo – Baby Maung