ကိုရီးယားက Entertainment တစ္ခုနဲ႔ အႏုပညာအလုပ္ေတြလက္တြဲလုပ္ကိုင္သြားမယ့္ ဝိုင္းေလး – Myanmar Hot News
22nd October 2021

ကိုရီးယားက Entertainment တစ္ခုနဲ႔ အႏုပညာအလုပ္ေတြလက္တြဲလုပ္ကိုင္သြားမယ့္ ဝိုင္းေလး

ပရိသတ္ႀကီးေရ ဝိုင္းေလးကေတာ့ ႏိုင္ငံဂုဏ္ေဆာင္ အလွမယ္တစ္ေယာက္ျဖစ္တဲ့အျပင္ လက္ရွိမွာလည္း ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့သူတစ္ေယာက္ပါ။လတ္တေလာမွာေတာ့ ဝိုင္းေလးက သူ႔ရဲ႕ပရိသတ္ေတြအတြက္ သတင္းေကာင္းေလးတစ္ခုကို သူ႔ရဲ႕ပရိသတ္ေတြအတြက္ အခုလိုပဲ မွ်ေဝလာခဲ့ပါတယ္။

“ဝိုင္းရဲ႕ ပရိတ္သတ္ေတြအတြက္ အႏုပညာလႈပ္ရွားမႈမ်ား ပိုမို လုပ္ကိုင္ႏိုင္ရန္ Korea မွ JDOUBLE ENTERTAINMENT နဲ႔အတူတူ ေတးသီခ်င္းထုတ္လုပ္မႈမ်ားႏွင့္ အျခားေသာ အႏုပညာလုပ္ငန္းမ်ားစြာအတြက္ ပူးေပါင္းလိုက္ၿပီျဖစ္ေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္”လို႔ သူ႔ရဲ႕ကိုရီးယားက အႏုပညာနဲကပတ္သက္တဲ့ ကုမၸဏီတစ္ခုနဲ႔အႏုပညာအလုပ္ေတြကို တြဲဖက္လုပ္ကိုင္သြားေတာ့မွာျဖစ္တဲ့ သတင္းကို ဝိုင္းေလးကသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့တာပါ။

ဝိုင္းေလးက အရင္ကတည္းက အႏုပညာအလုပ္ေတြကို အခုလိုလုပ္ေဆာင္ဖို႔ အစီစဥ္ရွိခဲ့တာျဖစ္ေပမဲ့ မထင္မွတ္ထားတဲ့ Covid အေျခေနေၾကာင့္ အခ်ိန္တစ္ခုထိေစာင့္ဆိုင္းေနခဲ့ရတာျဖစ္ၿပီး (၂၀၂၁) မွာေတာ့ အခြင့္ေရးရႏိုင္သမွ် ႀကိဳးစားတင္ဆက္သြားမွာျဖစ္လို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဖို႔ကိုလည္း ေတာင္းဆိုထားပါေသးတယ္။

Source – Wyne Lay

(Unicode)

ကိုရီးယားက Entertainment တစ်ခုနဲ့ အနုပညာအလုပ်တွေလက်တွဲလုပ်ကိုင်သွားမယ့် ဝိုင်းလေး

ပရိသတ်ကြီးရေ ဝိုင်းလေးကတော့ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့သူတစ်ယောက်ပါ။လတ်တလောမှာတော့ ဝိုင်းလေးက သူ့ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို သူ့ရဲ့ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေလာခဲ့ပါတယ်။

“ဝိုင်းရဲ့ ပရိတ်သတ်တွေအတွက် အနုပညာလှုပ်ရှားမှုများ ပိုမို လုပ်ကိုင်နိုင်ရန် Korea မှ JDOUBLE ENTERTAINMENT နဲ့အတူတူ တေးသီချင်းထုတ်လုပ်မှုများနှင့် အခြားသော အနုပညာလုပ်ငန်းများစွာအတွက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်”လို့ သူ့ရဲ့ကိုရီးယားက အနုပညာနဲကပတ်သက်တဲ့ ကုမ္ပဏီတစ်ခုနဲ့အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်သွားတော့မှာဖြစ်တဲ့ သတင်းကို ဝိုင်းလေးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပါ။

ဝိုင်းလေးက အရင်ကတည်းက အနုပညာအလုပ်တွေကို အခုလိုလုပ်ဆောင်ဖို့ အစီစဉ်ရှိခဲ့တာဖြစ်ပေမဲ့ မထင်မှတ်ထားတဲ့ Covid အခြေနေကြောင့် အချိန်တစ်ခုထိစောင့်ဆိုင်းနေခဲ့ရတာဖြစ်ပြီး (၂၀၂၁) မှာတော့ အခွင့်ရေးရနိုင်သမျှ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

Source – Wyne Lay

Leave a Reply

Your email address will not be published. Required fields are marked *