ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတမှာ မွေးနေ့အလှူလေးသွားလုပ်ခဲ့တဲ့ သရုပ်ဆောင် မေမီကိုကို – Myanmar Hot News
7th June 2023






(Unicode)

ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတမှာ မွေးနေ့အလှူလေးသွားလုပ်ခဲ့တဲ့ သရုပ်ဆောင် မေမီကိုကို

ကိုယ်ကျိုးစွန့်ပြီး ပရဟိတလုပ်နေတဲ့ ဒိန်းဒေါင်တစ်ယောက် ချွန်တွန်းပရဟိတအဖွဲ့အတွက် စွမ်းစွမ်းတံကြိုးစားနေခဲ့ပါတယ်။ အလှူရှင်တွေရဲ့အလှူငွေတွေအပြင် ကိုယ့်အိတ်ထဲကပါ စိုက်ပြီး အများအကျိုးအတွက် ကူညီပေးနေသူပါ။ လိုအပ်နေသူတွေ အများကြီးကိုလည်း လက်လှမ်းမှီသလောက် လိုက်ကူညီတတ်ပါသေးတယ်။

ဒီနေ့မှာလည်း MRTV 4 က ရုပ်သံဇာတ်လမ်းတွဲမင်းသမီး မေမီကိုကိုတစ်ယောက် သူမရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ချွန်တွန်း ပရဟိတအဖွဲ့ကို ငွေကျပ် (၂) သိန်း လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင်လည်းကောင်းသလို သဒ္ဓါတရားလည်းကောင်းတဲ့ မင်းသမီးချောလေးမို့ ပရိသတ်တွေကလည်း သူမရဲ့အလှူအတွက် မုဒိတာပွားပြီး သာဓုခေါ်ဆိုပေးခဲ့ကြပါတယ်။

ပွဲတွေစီစဉ်ပြီး လူအများကြီးမစုတော့ဘဲ ကိုယ့်ရင်ထဲက သဒ္ဓါစိတ်လေးနဲ့ အခုလိုလှူဒါန်းတာဟာ အတော်လေးကိုကောင်းပါတယ်။ ဒိန်းဒေါင်ကလည်း သူမရဲ့သဒ္ဓါစိတ်လေးနဲ့လှူဒါန်းခဲ့ပုံလေးကို ” ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်မေမီကိုကိုယနေ့ကျရောက်သော မွေးနေ့မှစပြီးလိုချင်တဲ့ဘဝရပါစေအတိုက်အခိုက်ကင်းဝေးပါစေသမီးရေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ Happy Birthday ပါ မေမီရေ ဒီထက်မက လှူနိုင်တန်းနိုင်ပါစေနော်။

Photo – Dain Daung / May Me Ko Ko

Leave a Reply

Your email address will not be published. Required fields are marked *