






photo – Lulu Aung
(Unicode)
ညို့အားပြင်းတဲ့အကြည့်တွေရယ် ဂစ်တာရှိုတ်လေးလို ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေနဲ့ ပုရိသတွေကိုကြွေစေပြန်တဲ့ လုလုအောင်
အောင်မြင်နေတဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ မော်ဒယ်လုလုအောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရထားနိုင်သူတစ်ယောက်ပါ။ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိတဲ့ အကြည့်လေးတွေကြောင့်လည်း ပရိသတ်တွေအချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေသလို ကြော်ငြာတွေကိုလည်းရိုက်ကူးလျက်ရှိပါတယ်။ကောက်ကြောင်းအလှတွေကြောင့် ယောကျာ်းလေးတွေရဲ့ အားပေးမှုကော မိန်းကလေးတွေရဲ့ အားပေးမှုကိုပါ ရရှိနေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်စနိုးနဲ့ ခေးလုကြီးလို့ခေါ်ခြင်းကိုခံနေရသူလေးပါ။
အမိုက်စားပုံရိပ်တွေကိုအမြဲဖော်ပြလေ့ရှိရာ အခုလည်း ညို့အားပြင်းတဲ့အကြည့်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့အလှတရားတွေနဲ့ပေါင်းစပ်ကာ ရိုက်ကူးထားတဲ့ အလန်းစားပုံလေးတွေကိုဖော်ပြထားရာ ပုံလေးတွေတိုင်းက ကြွေချင်စရာကောင်းလွန်းနေတာလည်းဖြစ်ပါတယ် ။ပရိသတ်ကြီးလည်း ခေးကြီးလုရဲ့ ပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေ ။
photo – Lulu Aung