






Photo – Mi Mi Khine
(Unicode)
မိခင်ရဲ့ဆန္ဒအတိုင်း ဆေးကျောင်းသား (၂၃) ယောက်ကို ပညာသင်စားရိတ်ထောက်ပံ့ပေးခဲ့ကြတဲ့ ထွန်းအိန္ဒြာဗိုလ်တို့မောင်နှမတွေ
ငယ်စဉ်တုန်းက သားသမီးတွေရဲ့ဆန္ဒကို မိဘတွေကဖြည့်ဆည်းပေးရသလို မိဘတွေအသက်ကြီးလာတာနဲ့အမျှ သားသမီးတွေက တလှည့်တပြန်မိဘတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြရပါတယ်။ ဒီတစ်ခေါက်မှာတော့ ထွန်းအိန္ဒြာဗိုလ်တို့မောင်နှမတွေဟာ မိခင်ကြီးဖြစ်ချင်တဲ့ ပညာရေးထောက်ပံ့ပေးတဲ့အစီအစဉ်တစ်ခုကို အထမြောက်အောင် လုပ်ပေးခဲ့ကြပါတယ်။
ဆေးကျောင်းသား (၂၃) ယောက်ကို ပညာသင်စားရိတ်ထောက်ပံ့ပေးတာဖြစ်ပြီး မခိုင်ကြီးတို့ မောင်နှမတွေကတော့ (၁၀) ယောက်စာတာဝန်ယူခဲ့ပြီး ပြည်တွင်းပြည်ပအလှူရှင်တွေက ကျန်တဲ့ (၁၃) ယောက်စာအတွက် လှူဒါန်းပေးခဲ့ကြပါတယ်။ မိခင်ကြီးရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ အားလုံးကလည်းကျေနပ်ပီတိတွေဖြစ်နေခဲ့ပါတယ်။
အလှူနေ့ကပုံရိပ်လေးတွေကို ” မေမေဖြစ်ချင်တဲ့ ပညာရေးဖောင်ဒေးရှင်းအတွက် သားသမီးတွေ လဲ ဝိုင်းဝန်းလှူဒါန်းပြီးကူပေးကြ တာပါ ဆေးကျောင်းသား (၂၃) ယောက်ကို ပညာသင်စားရိတ် ထောက်ပံ့တဲ့အစီအစဉ်ပါ မေမေနဲ့ ကျမတို့မောင်နှမတွေက (၁၀) ယောက်ကို တာဝန်ယူပေးပြီး ကျန်ကျောင်းသားများကို ပြည်တွင်းပြည်ပအလှူရှင်များက ဝိုင်းဝန်းလှူဒါန်းကြတာပါရှင် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Photo – Mi Mi Khine